I think My Nephew will Back but Hive price still Bottom

Coin Market Cap ထဲ မဝင်ဖြစ်တာ အတော်ကြာပြီ။ ဒီ App နဲ့ Website ကို စပြီး သုံးတတ် သုံး ဖြစ်သွားတာက Hive ကြောင့်ဟု ဆိုရမည်။ Hive ဈေး ကြည့်ဖို့ သူ့ကို စသုံးကြည့်ရာကနေ တခြား coins, tokens တွေ အကြောင်းမှာ ရှာကြည့် ဖြစ်သွား၏။ မိမိစိတ်ဝင်စားနေသည့် coins, tokens က CMC မှာ list ပါဝင်လား မပါလား ကြည့်ရင်း အဆိုပါ project ၏ အခြေအနေကို လေ့လာ သုံးသပ် ဖြစ်၏။ List မပါပေမဲ့ မြဲနေတဲ့ coins, tokens တွေ ရှိသလို List ပါပြီးမှ (fail) ဂွမ်းသွားတဲ့ project တွေလည်း ရှိလေ၏။
ဒီနေ့ CMC ထဲ ဝင်ကြည့် ဖြစ်၏။ ထုံးစံအတိုင်း အရင်ဆုံး ရိုက်ရှာမိတာက Hive ပေါ့။ ဘယ်ဈေးလဲ ဆိုတော့ 0.04 ဝန်းကျင်တဲ့။ အနိမ့်အမြင့် အတက်အကျ ဆိုတဲ့ စကားက Hive နဲ့ မဆိုင်ပေ။ Hive က အကျချည်းသာ။ ဈေးတွေ စကျ ကတည်းက ကျသွားလိုက်တာ ပြန်ကို မတက်လာတော့ပဲ။ တအိအိနဲ့ ဆင်းသွားလိုက်တာ တော်တော်တောင် အောက်ရောက်လို့ နေပြီ။

0.4 ဝန်းကျင်တုန်းက ဘယ်တော့ 1$ ဖြစ်မလဲ မျှော်ခဲ့ ပျော်ခဲ့ကြဖူး၏။ ခုများ ကြည့်ပါဦး 0.04 တဲ့။ အမြင့်ဆုံး ဈေး 3.4$ ဝန်းကျင်မှာ ရှိခဲ့ဖူးတဲ့ Hive ကို 0.04 ထိ ဆင်းသွားမယ်ဟု ဘယ်သူကများ ထင်မှာလဲ။ တချိန်က 3.4$ ဝန်းကျင် ရောက်ခဲ့ ရှိခဲ့ဖူးပါတယ်ဟု ပြောရင် ယုံကော ယုံကြပါဦးမည်လား။ ဘယ် အချက်တွေကများ Hive ကို ဈေးကျ စေခဲ့တာလဲ။ ဘယ်လို အကြောင်းတွေ ကြောင့်လဲ။
မနေ့က တူတော်မောင်က သူ့ Hive account ပြန်ဝင်ပေးဖို့ ကျနော့်ကို လာပြော၏။ သူ့ ယခင် phone အဟောင်းက သုံးမရတော့ပေ။ သူ့ အမေ ကျနော့် အမက phone သစ် ဝယ်ထားသဖြင့် phone ဟောင်းကို တူလေးအား ပေးထား၏။ ထို phone မှာ သူ့ Hive account ပြန်ဝင်ဖို့ပေါ့။ Hive ဆိုပေမဲ့ သူတို့က Ecency ကနေသာ စတင် သုံးခဲ့ရတာမို့ Ecency ပဲ သိလေ၏။
မနေ့က ဝင်ပေးတာ ဝင်မရပေ။ Internet ကြောင့် ထင်ပါရဲ့။ ဒီနေ့ မနက် ထပ်လုပ်ကြည့်တော့ ရသွား၏။ ဆရာ သမား ပိုစ့်တွေ တင်တော့မယ် ထင်ပါရဲ့။ ကျောင်း တဖက်နဲ့ ဆိုပေမဲ့ အချိန်တခု ပေးရင် ရနေတာပဲလေ။ သူ ပိုစ့် မတင်ဖြစ်တာ ၄၊ ၅ လလောက် ရှိသွားခဲ့ပြီ။ ဘာအကြောင်းအရာတွေနဲ့ ဘာတွေ တင်ဆက်ပြဦးမလဲ စောင့်ကြည့် ရပေလိမ့်ဦးမည်။
ဘယ်တော့များမှ ဈေးတက်ပါ့မယ်။
!LOLZ
!MEME
မျှော်သူသာ မောပေါ့။
Game အကြောင်းလေးတွေ comic အကြောင်းလေးတွေတင်မှာပါဗျ
တင်ပါဗျာ။