Finalists

avatar

တွေ့လား ပြောပါတယ်။ မနေ့က Hive နှင့် ပတ်သက်သည့် APR အကြောင်း ရေးတင်ထားတာ 0.3$ ဝန်းကျင်သာ ရလေ၏။ သိပ်ကြွားလို့ မရပေ။ ကြွားလိုက်ပြီး ကတည်းက vote ပြန်ရတာ အတော်လေး နည်းသွားခဲ့ပြီ။ ဒီအတိုင်းဆို တရက် တရက် ပြန်ရတာ ယခင် ပြောထားသလောက် မဖြစ်နိုင်တော့ပေ။ နည်းနည်းတော့ နည်းလမ်း ရှာကြံရပေလိမ့်ဦးမည်။

Hive ဈေးကျလို့ vote ပြန်ရတာက နည်းပါတယ်ဆို Freebit ကလည်း website ကို ပိတ်ချတော့မယ် ပြောထား၏။ လုံးဝကြီး ပိတ်ချတာမျိုးတော့ မဟုတ်ပေ website အသစ် ပြောင်းမယ်ဟုတော့ ဆိုထား၏။ BTC တော့ အများကြီး မရှိပါဘူးလေ ဒါပေမဲ့ premium member အတွက် lock ချထားသည့် FUN tokens တွေ တော့ ရှိနေသေး၏။ ဘာလုပ်ရမယ်ဆိုတာ သူတို့ mail ပို့ပေးမယ် ထင်ပါရဲ့။

ကြားရက်တွေထဲမှာ ချန်ပီယံလိဂ် ပွဲစဉ်များ မရှိပေမဲ့ သက်ဆိုင်ရာ ဖလား ပွဲစဉ်တွေတော့ ရှိ၏။ Carabao Cup Semifinal ဒုတိယကျော့ ပွဲစဉ်တွေတော့ ကစားလို့ ပြီးသွားခဲ့ပြီ။ Final တက်ရောက် နိုင်သည့် အသင်းတွေလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်၏။ Sir Alex တို့ လက်ထက်တုန်းက EFL Cup ကို သိပ် စိတ်ဝင်စားလေ့ မရှိကြပေမဲ့ နောက်ပိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေကြောင့်ရယ် ဘာဖလား ဖြစ်ဖြစ် ဖလား ရမှကို ဖြစ်မှာကြောင့်ရယ် Carabao Cup (EFL Cup) ကိုလည်း အသင်းတွေ အာရုံစိုက်လာကြ၏။

Semifinal မှာ Arsenal က Chelsea ကို ၂ ကျော့ပေါင်း (၄-၂) ဖြင့် လည်းကောင်း Man City က New Castle ကို (၅-၁) ဖြင့် လည်းကောင်း အသီးသီး အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်လှမ်းလို့ သွားခဲ့ကြလေ၏။ ဗိုလ်လုပွဲကိုတော့ မတ်လ ၂၂ ရက်နေ့မှာ ကစားသွားမည် ဖြစ်၏။ Arsenal အနေဖြင့် ဖလားစုံ လမ်းကြောင်းပေါ်မှာ ခုထိ ရပ်တည် နေသေး၏။ ဒီနှစ်တော့ Arsenal ဖလား တလုံးတလေတော့ ရတန်ကောင်းပါ၏။ ကျနော့်အလိုကတော့ EPL သို့မဟုတ် UCL ကို ပို၍ ရစေချင်မိပါ၏။

(photos from Carabao Cup Page)



0
0
0.000
0 comments