FA Cup Quarter Final

ဒီတပတ်မှာ FA Cup Quarter Final ပွဲစဉ်များ ကစားမည် ဖြစ်၏။ ဒီနေ့မှာ ၂ ပွဲ၊ နက်ဖြန်မှာ ၂ ပွဲ ကစားမည် ဖြစ်၏။ Man City vs Liverpool, Chelsea vs Port Vale, Southampton vs Arsenal, West Ham vs Leeds တို့ ကစားကြမည် ဖြစ်၏။ အသင်းကြီး ၂ သင်း ဖြစ်သည့် Man City vs Liverpool ပွဲစဉ်ကတော့ ကြည့်ကောင်းမယ့် ပွဲစဉ် ဖြစ်လေ၏။ ၂ သင်းထဲက ၁ သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရပေလိမ့်မည်။ Chelsea, Arsenal တို့ကတော့ နောက်တဆင့် တက်နိုင်ဖို့ အခွင့်အလမ်း ကောင်းနေသည်ဟု ပြောလို့ရမည် ဖြစ်၏။ သို့ပေမဲ့ ပြိုင်ပွဲ ဆိုတာမျိုးက ဘာမဆို ဖြစ်သွားနိုင်သည် မဟုတ်လား။
Man City vs Liverpool ပွဲစဉ်ဖြင့် Quarter Final ပွဲစဉ် စဖွင့်မည် ဖြစ်၏။ ပူပူနွေးနွေး EFL Cup ရထားသည့် City အနေဖြင့် FA Cup ခရီးလမ်း ဆက်လက် ဖြောင့်တန်း သွားမလားကတော့ စိတ်ဝင်စားဖို့ကောင်းနေ၏။ UCL နှင့် FA သာ မျှော်လင့်ချက် ရှိတော့သည့် Liverpool အနေဖြင့်လည်း ယခုပွဲစဉ်ကို အားစိုက်လာဖို့ ရှိနေ၏။ City အနေဖြင့် EPL ချန်ပီယံ မျှော်လင့်ခွင့် ရှိနေသေးသည် ဆိုပေမဲ့ လက်တွေ့မှာတော့ သိပ် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ပိုသေချာသည့် FA Cup ကို အလေးပေးသွားနိုင်၏။

ဒီနေ့ရဲ့ နောက်ထပ် ပွဲစဉ်ကတော့ Cup များရှင် Chelsea နှင့် Port Vale တို့၏ ပွဲစဉ် ဖြစ်၏။ ဒီရာသီ ဒီဖလား ၁ လုံးသာ မျှော်လင့်လို့ရတော့သည်မို့ Chelsea တို့ အနေဖြင့် အကောင်းဆုံး ကြိုးစားသွားဖို့ ရှိနေ၏။ Port Vale က Chelsea အတွက် ပြိုင်ဘက် အဆင့်တော့ မဟုတ်နေပေ။ သို့ပေမဲ့ ဘာမဆို ဖြစ်သွားနိုင်သည့် FA Cup ပွဲစဉ်များ မလား။ League 1 ရဲ့ Quarter Final ရောက်အသင်း။ နောက်ရာသီ League 2 ကို တန်းဆင်းရမယ့် အသင်း အနေဖြင့် FA Cup မှာ အံဩဖွယ်ရာတွေ လုပ်ပြသွားမလားက စိတ်ဝင်စားဖို့ ကောင်းနေ၏။
League 1 မှာ ၂၄ သင်း ယှဉ်ပြိုင် ကစားနေ၏။ ထိုထဲမှာမှ Port Vale က အဆင့် ၂၄ ဖြစ်၏။ League 1 ပြီးဆုံးဖို့ ၆ ပွဲလောက် လိုနေသေးသည် ဆိုပေမဲ့ လက်ရှိ အနေအထားက Port Vale တို့ League 1 မှာ ဆက်လက် ရှင်ကျန်ဖို့ ခက်ခဲပေလိမ့်မည်။ ထူးခြား ဆန်းကျယ်မှုတွေ ဖြစ်သွားရင်တော့ မပြောတတ်ပေ။
Ronaldo ၏ Al Nassr အသင်းကတော့ Saudi Arabia Pro League Round 27 မှာ Al Najma ကို ၅-၂ ဖြင့် အနိုင်ရသွားခဲ့လေ၏။
(photos from Emirates FA Cup page)