Europa & Conference League Round of 16

Europa & Conference League Round of 16 ပွဲစဉ်များ ဒီမနက်မှာ ကစားသွားခဲ့၏။ UCL မှာ England မှ ၆ သင်းထိ ၁၆ သင်းဆင့်ကို ရောက်ခဲ့ပေမဲ့ ကွာတားဖိုင်နယ်ကိုတော့ ၂ သင်းသာ တက်ရောက်နိုင်ခဲ့၏။ Arsenal, Liverpool ဒီ ၂ သင်းသာ တက်ရောက်နိုင်ခဲ့၏။ Europa & Conference မှာ ယှဉ်ပြိုင်နေသည့် England အသင်း ၃ သင်းလုံးကတော့ ၁၆ သင်း အဆင့်ကနေ ကွာတားဖိုင်နယ် အဆင့်သို့ အားလုံး တက်လှမ်းသွားခဲ့ကြ၏။ Nottm Forest, Aston Villa တို့က Europa, Crystal Palace က Conference မှာ အသီးသီး ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။

Nottm Forest က FC Midtjylland နှင့် ၂ ကျော့ပေါင်း ၂-၂ သရေကျနေသောကြောင့် အချိန်ပိုဆက်ကစားရ၏။ အချိန်ပိုမှာလည်း ဘယ်သူ့ ဘယ်သူကမှ ဂိုး မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ထပ်မံခံယူရ၏။ ပင်နယ်တီမှာ Nottm Forest က ၀-၃ ဖြင့် အနိုင်ရပြီး ၂ ကျော့ပေါင်း ၂-၅ ဖြင့် ကွာတားဖိုင်နယ် တက်လှမ်း သွားခဲ့၏။ ကွာတားဖိုင်နယ်မှာ FC Porto အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

Aston Villa က Lille ကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမကျော့ အဝေးကွင်းမှာတုန်းက ၀-၁ ဖြင့် နိုင်ထားသည်မို့ ၂ ကျော့ပေါင်း ၃-၀ ဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။ ကွာတားဖိုင်နယ်မှာတော့ Bologna အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Europa League မှာ ကွာတားဖိုင်နယ် အဆင့်ကို အင်္ဂလန်က ၂ သင်း၊ စပိန်က ၂ သင်း၊ ပေါ်တူဂီက ၂ သင်း၊ ဂျာမနီက ၁ သင်း၊ အီတလီက ၁ သင်း တက်လှမ်းထားခဲ့၏။

Conference League မှာ ယှဉ်ပြိုင်ကစားနေသည့် Crystal Palace ကတော့ AEK Larnaca ကို ၁-၂ ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့၏။ ပထမကျော့ အိမိကွင်းမှာ ဂိုးမရှိ သရေကျထားသောကြောင့် ၂ ကျော့ပေါင်း ၁-၂ ဖြင့် ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားခြင်း ဖြစ်၏။ မိနစ် ၉၀ ထိ တဖက် ၁ ဂိုးစီ သရေကျနေသောကြောင့် အချိန်ပို ထပ်ကစားရ၏။ အချိန်ပိုမှာ Crystal Palace က အနိုင်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်၏။

ကွာတားဖိုင်နယ်မှာတော့ Fiorentina အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Conference League ကွာတားဖိုင်နယ် အဆင့်ကို အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ နယ်သာလန်၊ ယူကရိန်း၊ ဂျာမနီ၊ ဂရိ တို့မှ ၁ သင်းစီ တက်ရောက်လာခဲ့ခြင်း ဖြစ်၏။

(photos from Europa League Page)



0
0
0.000
0 comments