Bronze Final

နက်ဖြန် မနက် ၃ နာရီခွဲမှာ France vs England တို့၏ ပွဲစဉ် ရှိလေ၏။ ထနိုင် မထနိုင်ဘဲ ကြည့်ရမယ်။ Alarm ပေးထားရင် ကောင်းမလားလည်း တွေးမိ၏။ ကြည့်ရဖို့က တတိယလုပွဲနဲ့ ဗိုလ်လုပွဲပဲ ကျန်တော့တာ မလား။ အိပ်ရေးပျက်ချင်ပျက်ဆိုပြီး ကြည့်ပလိုက်ရမလားပေါ့။ အိပ်ရေးပျက်တာက ကိစ္စ မရှိ ခါးကနာတော့ အိပ်ရေးပျက်ရင် ပိုဆိုးသွားမှာလည်း ကြောက်ရသေး၏။ Training ပျက်တာက များနေပြီ။ League ပြိုင်ပွဲကလည်း လာတော့မှာ။ ကြံ့ခိုင်မှု ကောင်းဖို့တော့ လိုမည်။

ဒီနေ့ည ၉ နာရီခွဲမှာ Man United ၏ ခြေစမ်းပွဲလည်း ရှိနေသေး၏။ Championship အသင်း Wrexham အသင်းနှင့် ဖြစ်၏။ ဒီရက်ထဲ အသင်းအနေဖြင့် ကစားသမား အသစ် ၃ ယောက် ခေါ်ထား၏။ ကွင်းလယ် အနေဖြင့် အဆင်ပြေသလောက် ရှိပြီဟု ပြောလို့ရမည်။ သို့ပေမဲ့ ဒေါင်ဒေါင်မြည်တော့ မဟုတ်သေးပေ။ တချို့ ‌ရောင်းထုတ်ရမယ့် ကစားသမားတွေကိုလည်း ရောင်းထုတ်ဖို့ လိုဦးမည် ဖြစ်၏။

နည်းပြ Michael Carrick အနေဖြင့် ယခုရာသီကို မည်သည့် ပုံစံနဲ့ ကစားမည်ကို စောင့်ကြည့်ရပေလိမ့်ဦးမည်။ မနှစ်က ပုံစံကိုပဲ ကြီးကြီးမားမား ပြောင်းပစ်တာ မရှိဘဲ အနည်းငယ် အပြောင်းအလဲ လုပ်သွားဖို့ ရှိပေလိမ့်မည်။ Casemiro မရှိတော့သည့် ကွင်းလယ်နေရာကို မည်သူနဲ့ အစားထိုးမလဲက စိတ်ဝင်စားဖို့ ကောင်းနေ၏။

United ပွဲကြည့်ပြီး အိပ်၊ ထို့နောက် ပြန်ထပြီး France vs England ပွဲ ကြည့်ရမလားပေါ့။ တကယ်ဆို ဒီ ၂ သင်းလုံး ဗိုလ်လုပွဲ ရောက်သင့်၏။ ဟော ဒါဆို ခု ဗိုလ်လုပွဲ ရောက်နေတဲ့ ၂ သင်းကကြ မရောက်သင့်လို့လား မေးစရာ ရှိ၏။ ထိုသို့တော့ မဟုတ်ပါလေ။ ရောက်သင့်တဲ့ လူအင်အား၊ ခြေစွမ်းမျိုး ရှိနေရဲ့နဲ့ တချို့သော အကြောင်းတရားတွေကြောင့် မရောက်သွားခဲ့ရခြင်း ဖြစ်၏။ ခုတော့ တတိယလုကြရုံပေါ့။

France သာ ဗိုလ်လုပွဲ ရောက်မယ်ဆို နောက်ဆုံး ၃ ကြိမ်ဆက် ဗိုလ်လုပွဲ တက်နိုင်သည့် စံချိန်ကို ရမည် ဖြစ်၏။ ပြီး ဗိုလ်လုပွဲမှာ Argentina နဲ့ ပြန်စုံရမှာဆိုတော့ ၂၀၂၂ က ရှုံးကြွေးကို ပြန်ဆပ်နိုင်မည် မဟုတ်လား။ ခုတော့။ England လည်း ဘာမှ မထူးပေ။ ပြောလိုက်ရင် ဘောလုံး ဘိုးအေကြီး။ သက်တမ်းရှည် ပြိုင်ပွဲတွေ သူတို့ဆီမှာပဲ ရှိတာ။ ဒါပေမဲ့ အောင်မြင်မှုက မယ်မယ်ရရ ပြစရာက မရှိနေခဲ့ပေ။ England ကို တတိယလောက်တော့ ‌ရစေချင်ပေမဲ့ France ပဲ အနိုင်ရသွားမယ် ထင်ပါရဲ့။

(photos from FIFA World Cup)



0
0
0.000
2 comments
avatar
(Edited)

France ပဲ အားပေး။ mbappe ကြိုက်လို့။

0
0
0.000
avatar

ဘောလုံးက အလုံးကြီးဆိုတော့ ပြောရခက်သား ဆိုသလို။
!LOLZ
!MEME

0
0
0.000