အတိုး

avatar

အတိုး။ အနှီ စကားလုံးက ကျနော်နှင့် အတော်စိမ်း၏။ ရင်းရင်းနှီးနှီး မရှိလှပေ။ လွန်ခဲ့သော ၁၀ နှစ်လောက်က စာသင် အလုပ်တွေ အတော်လေး အရှိန်ကောင်း၊ သင်ချိန်တွေ များနေတုန်းက ရှိသည့် ငွေ အနည်းငယ်ကို အတိုးပေးခဲ့ဖူး၏။ ဟိုလို သီးသီးသန့်သန့်ကြီး ငွေတိုး ပေးခြင်း မျိုး မဟုတ်ပေ။ သင့်တင့်သော အတိုးပမာဏနဲ့ ပေးခြင်း ဖြစ်၏။ တသိန်းကို တသောင်းလား မသိ၊ ဘယ်နှယ် သိန်းလည်း ဆိုတာတော့ မမှတ်မိတော့ပေ။ ဒါပေမယ့် သေချာတာကတော့ ၅ သိန်း မကျော်ပေ။ ဒီအတိုင်း ထားမယ့် အတူတူ ဘဏ်ထဲလည်း မထည့်မယ့် အတူတူ ဆိုပြီး ငွေတိုးပေးလိုက်ခြင်း ဖြစ်၏။

ကာလအားဖြင့် သိပ်တော့ မကြာလိုက်ပေ။ အတိုးက ပုံမှန် ရပါ၏။ ဒါပေမယ့် နောက်ပိုင်း ကျနော်လည်း သုံးစရာ ရှိလယသဖြင့် အတိုး မပေးဖြစ်တော့ပေ။ လက်ထဲလည်း ပိုက်ဆံ ရယ်လို့ မစုမိ မစုဖြစ်တော့ပေ။ စုဆောင်းသင့်ကြောင်း စာတွေ ဖတ်ဖြစ် မှတ်ဖြစ်သော်လည်း မစုဖြစ်တာ ခုထိပင်။ အာဏာသိမ်းပြီး နောက်ပိုင်း ကိုယ့်ငွေတွေကို လိုသလောက် ပြန်ထုတ်မရ၊ ကိုယ့်ပိုက်ဆံကို ကိုယ်တိုင် အခပေးပြီး ပြန်ထုတ်နေရတာမျိုးတွေ မြင်တော့ ငါ ဘဏ်ထဲ မထည့်ထားလို့ တော်သေးတယ်ဟု တွေးမိ၏။ ဒါပေမယ့် ကိုယ့်မှာလည်း bank ထဲ ထည့်ရလောက်အောင် ပမာဏ မျိုးကြီးလည်း မရှိနေပေ။

ထိုသို့ ခပ်ဝေးဝေး ဖြစ်နေခဲ့သည့် အတိုးနှင့် ပြန်လည် ရင်းနှီး ဖို့ အကြောင်းက ဖန်လာခဲ့ ၏။ ပထမ တခုက Freebit.io သူက btc တနာရီ တခါ ဝင် claim ရသည့် website ဖြစ်၏။ မိမိ account မှာ 0.0003 btc ပမာဏ အနည်းဆုံး ရှိပြီဆိုသည်နှင့် အတိုးစပေး၏။ အတိုးက 4% APR ဖြစ်၏။ ကနဦး ကျနော် စ claim စတုန်းကတော့ အတိုး မပေးသေးပေ။ နောက်မှ ပေးခြင်း ဖြစ်၏။ သူ့ အကြောင်း အကျယ်တဝန့်က ယခင်ပိုစ့်တွေမှာလည်း ရေးခဲ့ဖူးပါ၏။ ဒီပိုစ့်မှာတော့ ဒီလောက်နဲ့ ထားတော့မည်။

နောက်တခုက ကျနော်တို့၏ ဇာတ်လိုက်ကျော် Hive သူလည်း Freebit လိုပါပဲ ကနဦးတုန်းက အတိုး မပေးသေးပေ။ နောက်ပိုင်းမှာ HBD ကို saving လုပ်ထားပါက အတိုးပေးမည် ဆို၏။ အစပိုင်းက 10% APR ဖြစ်၏။ (မှားလျှင်လည်း ပြင်ပေးပါကုန်) ခုခါမှာတော့ 20% APR ဖြစ်သွား ခဲ့ပြီ ဖြစ်၏။ ဒီနှုန်းနဲ့ဆို အင်မတန်မှကို saving လုပ်သင့်သွားပြီ ဖြစ်၏။ သို့နှင့် 100 HB စတင် saving လုပ်ခဲ့၏။ target ကတော့ 1000 HBD saving လုပ်ရန် ဖြစ်၏။ ထို့နောက် တွင်တော့ 10 000 HBD ထိ saving လုပ်နိုင်ဖို့ ရည်ရွယ်ထား၏။ မသိဘူး အတိုး ထုတ်စားမယ်။ လောလောဆယ်တော့ 1000 HBD ရောက်ဖို့တောင် အတော်လေး ကြာဦး မည် ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် ကိုယ်က မရပ်နေဘဲ သွားနေသည်ဆိုတော့ တချိန်တော့ ပြည့်မည်ဟု ယုံကြည် ထား၏။

နောက်တခုက LOA သူအကြောင်း ကိုလည်း ပိုစ့်တွေ တင်ခဲ့ဖူး၏။ လောလောဆယ် single staking ဖြင့် LOA tokens တွေ stake လုပ်ထား၏။ သူလည်း between 20 and 22 % APR ဖြစ်၏။ လောလောဆယ် LOA စျေးက မများသေးတော့ နေ့စဥ် အတိုးကနေ ပြန်ရသည့် တန်ဖိုးကတော့ နည်းနေပေလိမ့်ဦးမည်။ ဒါပေမယ့် အများကြီး မဟုတ်တောင် 1 LOA ကို 1$ လောက်ပဲ ဖြစ်သွားဦး တော်တော်ကြီး မိုက်ပြီ။ ကဒွန်တို့ High ပြီ။

ဒီလိုပဲ အတွေး စိတ်ကူး မျှော်လင့် အိပ်မက်လေးတွေနဲ့ပဲ နေ့ရက်တွေကို ဖြတ်သန်းနေခဲ့သည်ပေါ့။ ယခင်က ခပ်စိမ်းစိမ်း ဖြစ်နေခဲ့သည့် အတိုးနှင့် ယခုအခါမှာ တရင်းတနှီး ပြန်ဖြစ်လို့ သွားခဲ့၏။ အားလုံးပဲ ရိုးရိုး ငွေတိုးထက် crypto ငွေတိုး ချနိုင်၊ ပေးနိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ရပါသည်



0
0
0.000
12 comments
avatar

အတိုးလိုချင်လို့လား

0
0
0.000
avatar

အဟီး ကျုပ်လည်း ကဒွန် ပိုစ့်ဖတ်ပြီး အတိုးလုပ်ထာ
HBDရော Hive ရောနှစ်ခုလုပ်မိတာ။
Hive က အတိုးမရဘူးဆိုလို့ ပြန်ထုတ်ထားရတယ်။
!LOL

0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 7750 replies.
Your next target is to reach 8000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hivebuzz supports the HiveFest⁷ Travel Reimbursement Fund.
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

တိုးလာတယ်ဆို good တာပေါ့။
!PGM
!LOL
!PIZZA
!LUV

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped donjaun (x1)
@uthantzin(3/10) tipped @donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

!LUV !PIZZA !LOLZ

0
0
0.000