အမေ့ အပြုံး (Final Chapter)

avatar

fb_img_1638790212152.jpg

အိမ်မှာ ချုံရှင်း မြတ်ရှင်းခြင်း၊ ပစ္စည်း အလေးများ ဟိုရွှေ့ ဒီရွှေ့ လုပ်ရခြင်း၊ မြေပေါက် ရေမြောင်းတူးခြင်းများ လုပ်လျှင် ကျနော့်မှာ လုပ်ပြီးသွားက ဟိုနားနာ ဒီနားကိုက် ဖြစ်တော့၏။ လုပ်နေကြမှ မဟုတ်ဘဲကိုး။ အမေက ထိုအချက်ကို ထည့်မတွေးပေးဘဲ တစိတ်ရှိ မင်း အကိုတွေလောက်တောင် မမာဘူးဟု ပြောလေတော့၏။ အကိုတွေက အဖေမောင်းသည့် ကားမှာ ယာဥ်နောက်လိုက် အဖြစ် လုပ်ကိုင်ကြ၏။ ကုန်ကား ယာဥ်နောက်လိုက်ဆိုတော့ သူ့ဟာနဲ့သူတော့ ပင်ပန်း၏။ ထို့ကြောင့် အကိုတို့နှင့် နှိုင်းယှဥ်ပြီး အမေက ကျနော့်ကို ပြောခြင်း ဖြစ်၏။

မတူသည့် အချက်ကို အမေက ထည့်မတွေးပေးပေ။ အကိုတွေက ဆယ်ကျော်သက် အရွယ် ကတည်းက အပင်ပန်းခံ အကြမ်းခံ နေကြပြီး ဖြစ်၏။ အထက်တန်း ပညာရေး အဆင့်နှင့်သာ ရပ်တန့်ခဲ့ကြပြီး လုပ်ငန်းခွင်သို့ ခပ်စောစော ဝင်ရောက်ကုန်ကြ၏။ လောကကြီးနဲ့ ခပ်စောစော ခပ်မြန်မြန် ထိတွေ့ကြရ၏။

img_0.3651842954651044.jpg

လူဟာ တယောက်နဲ့ တယောက် မတူနေနိုင်ပေ။ ငါ အပင်ပန်းခံ နိုင်တယ် ဒါကြောင့် မင်းလည်း ခံနိုင်ရမယ် ဆိုတာကြီးကတော့ မဟုတ်သေးပေ။ တယောက်နဲ့ တယောက်တော့ ဘယ်တူ နိုင်မည်နည်း။ ထို မတူသည့် အရာကြီးကို နှိုင်းယှဥ်နေတာကြီးက သဘာဝ မကျလှပေ။ ကျနော်တို့ မြန်မာ အထူးသဖြင့် အရှအသိုင်းအဝိုင်းမှာ ထိုကိစ္စ အများဆုံး တွေ့ရ၏။ အရင်ကလည်းရှိ၊ ခုလည်း ရှိနေသေး၏။ နောင်မှာ ထိုသို့ မဖြစ်အောင် မရှိရအောင် လက်ရှိ လူတွေက ထိန်းကြောင်း တည့်မတ် ပြင်ဆင်ပေးနိုင်ဖို့ လို၏။

မတူသည့်အရာကို တူရမယ်ဆိုပြီး ဇွတ်လုပ်ယူခြင်းထက် မတူခြင်းကို နားလည် လက်ခံပေးနိုင်ဖို့ လို၏။ ကိုယ်စီမှာ အားနည်းချက် ရှိသလို အားသာချက်လည်း ရှိသည် မဟုတ်လား။ ဆင်ထိန်းမှာလည်း ဆင်ထိန်း အရေအချင်း၊ ဆီသည်မှာလည်း ဆီသည် အရေအချင်းပဲ မလား။



0
0
0.000
0 comments