အမေ့ အပြုံး (၂)

avatar

fb_img_1638790212152.jpg

စာအုပ်ဆိုင်မှာက မနက် ၇ နာရီကနေ ည ၇ နာရီ ထိ လုပ်ရ၏။ အလုပ်ချိန်တော့ များ၏။ နေ့လည် နေ့ခင်းတော့ မနက်ခင်းလောက် အလုပ်မရှုပ်၊ မများဆိုပေမယ့် တခါတလေ အချို့ နေ့ခင်းတွေမှာ အလုပ်ရှုပ်တာမျိုးတော့ ရှိ၏။

ဒီလိုပါ ပုံမှန် အားဖြင့် ဂျာနယ်တွေက ရန်ကုန်မှာ ဒီနေ့ထွက်လျှင် ညနေကားနဲ့ တောင်ကြီးကို ပို့၏။ နောက်နေ့ မနက် အစော ရောက်၏။ တရက်တော့ နောက်ကျ၏။ ဒါပေမယ့် ပြဿနာ မရှိ၊ အဆင်ပြေ၏။ ဒါပေမယ့် တချို့ စာဖတ်သူတွေ၏ တောင်းဆိုမှု အရ နေ့ချင်း မှာယူရတဲ့ ဂျာနယ် မျိုးတွေလည်း ရှိ၏။ အားကစား ဂျာနယ် ဖြစ်၏။

အင်အားနှင့် eleven (11) ဂျာနယ်တွေ ဖြစ်၏။ eleven က တပတ်ကို ၂ ကြိမ် ထွက်၏။ အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ ထွက်၏။ အင်္ဂါနေ့ထွက်က စနေ တနင်္ဂနွေ ပွဲ ရလဒ် နဲ့ ပွဲပြီး သုံးသပ်ချက်တွေ ပါ၏။ ထို့ပြင် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှ ရှိတတ်သည့် ဥရောပ ပွဲစဉ်များ၏ ပွဲကြို သုံးသပ်ချက်တွေပါ ပါ၏။ သောကြာနေ့ထွက် eleven မှာတော့ စနေ တနင်္ဂနွေ ညပွဲ စဥ်များ သုံးသပ်ချက်တွေ၊ ဥရောပ ပွဲစဉ်များ၏ ပွဲပြီး ရလဒ် များပါ၏။

img_0.3651842954651044.jpg

အင်အား ဂျာနယ်ကတော့ ကြာသပတေးနေ့မှ ထွက်၏။ အင်္ဂါ ကြာသပတေးနဲ့ သောကြာနေ့တွေမှာတော့ နေ့လည်ခင်းတွေမှာပါ အလုပ်ရှုပ်တော့၏။ ပုံမှန် ဂျာနယ်တွေက ရန်ကုန် ဒီနေ့ တောင်ကြီး နောက်ရက် မလား။ ထို ရက်တွေမှာတော့ ရန်ကုန် မနက် တောင်းကြီး နေ့လည် ရောက်၏။ ထိုသို့ နေ့ချင်း ရအောင် လေယာဉ်နဲ့ ထည့်ပေးရ၏။ ကားနဲ့ ထည့်တာထက် စာလျှင် စျေးလည်း ပိုပေးရ၏။ နေ့ချင်း ရောက်တော့ ပိုပေးရပေမယ့်လည်း သိပ်တော့ ကိစ္စ မရှိ ပေ။

ကျနော်တို့ကတော့ လေယာဉ်ထုပ်ဟု ခေါ်ကြ၏။ လေယာဉ်နဲ့ ပို့သည်ကိုး။ ရက်မစောင့်ဘဲ အစော ဖတ်လိုသူများ အတွက် မှာပေးရခြင်း မဟုတ်လား။ ကနဦးတုန်းက ဂျာနယ်တွေမှာ အချပ်ပို မပါသေးပေ။ အားကစား ဂျာနယ်တွေ နာမည် အမျိုးမျိုးနှင့် အများကြီး ထွက်လာချိန်မှာတော့ အနှီ အချပ်ပို ယဥ်ကျေးမှု ထွန်းကားလာတော့၏။

ဆက်ပါဦးမည်



0
0
0.000
3 comments