Planting Sweet Potato

avatar

ဒီနေ့တော့စက္ကူအလှဆင်ပိုစ့်မတင်ဖြစ်တော့ပဲအိမ်မှာစမ်းပြီးအပင်စိုက်ကြည့်ထားတဲ့ကန်စွန်းဥပင်အကြောင်းပိုစ့်တင်လိုက်ပါတယ်။စက္ကူအလှဆင်ပိုစ့်အတွက်စက္ကူခေါက်တာမပြီးသေးပဲ၊ ပိုစ့်လည်းတင်ချင်တာကြောင့်ကန်စွန်းဥအပင်လေးရှင်ပြီး၊ခရမ်းရောင်အခက်ထွက်နေတာကိုသဘောကျလို့ပိုစ့်တင်လိုက်ပါတယ်။ကန်စွန်းဥအစိမ်းဝယ်ထားပြီး၊လိုင်းသုံးရင်အပင်စိုက်ပျိုးတာဝါသနာပါသူတွေဂရုတစ်ခုမှာပိုစ့်တစ်ခုတွေ့ပါတယ်။ဖန်ခွက်ထဲရေထည့်ပြီး၊ကန်စွန်းဥကိုဖန်ခွက်ပေါ်တင်ထားနိုင်အောင်သွားကြားထိုးတံဒါမှမဟုတ်အခြားတစ်ခုခုနဲ့ပုံထဲကအတိုင်းပြုလုပ်ပြီးကန်စွန်းဥရဲ့တစ်ဝက်နီးပါးလောက်ရေစိမ်ထားလိုက်ပါတယ်။သုံးရက်လောက်နေတော့အပင်စထွက်လာပါတယ်။ပုံထဲမှာမြင်ရတဲ့အနေအထားကစိုက်ပျိုးပြီး၁၄ရက်ခန့်ပါ။အပင်ကလည်းတစ်ပင်လုံးခရမ်းရောင်နဲ့အရွက်အခက်တွေကလည်းလှနေပါတယ်။ကန်စွန်းဥပင်လေးရှင်သန်လာလို့အရမ်းပျော်ပါတယ်။နောက်တစ်ပိုစ့်ကျရင်စက္ကူအလှဆင်ပြန်လုပ်ပြီးပိုစ့်တင်ပါ့မယ်။

img_0.48427527089316164.jpg

img_0.08436949533817721.jpg

img_0.26352064945509357.jpg
Written by @asterkame
By my photos & made by me



0
0
0.000
15 comments
avatar

အဟေးး အတော်ပဲ အမရေ။ ကျနော်လည်း အ့လိုမျိုး အာလူးပင်လေး စိုက်ပြီး Day 1 Day 2 လုပ်တင်ကြည့်ရမယ် 😁

0
0
0.000
avatar

အာလူးလည်းဒီလိုစိုက်လို့ရလား....စမ်းကြည့်ပြီးပိုစ့်တင်ပေးပါ...

0
0
0.000
avatar

ထောပတ်သီး အစေ့ကိုလဲ အဲသလို စိုက်တာတွေ့ဘူးတယ်။ စမ်းကြည့်ရတာပါ့။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်
ကြက်သွန်မြိတ်ကိုလည်းဒီလိုရေနဲ့စိုက်နေကြပါတယ်...

0
0
0.000
avatar

စိုက်ကြည့်ဦးမယ်ဗျို့...

0
0
0.000
avatar

ဟုတ်ကဲ့ စမ်းကြည့်ပါ...

0
0
0.000
avatar

ကန်စွန်းဥပင်လေးက ဒါမျိုးလေး လုပ်ထားတော့ လှသပ
!PIZZA

0
0
0.000
avatar

@asterkame! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (3/10)

0
0
0.000
avatar

ဟုတ်ကဲ့ အလှစိုက်တဲ့ပန်းပင်လိုမျိုးဖြစ်နေပါတယ်....

0
0
0.000
avatar

တစ်ပင်လုံး ကန်စွန်းဥအရောင်တိုင်း ထွက်လာတယ်နော်။အဲသလို စိုက်လို့ရတာ မြင်ဖူးသွားပြီ။

0
0
0.000