Paper Photo Frame

avatar

ဒီတစ်ခုကစက္ကူတွေနဲ့ပုံဖော်ထားတဲ့ photo frame တစ်ခုပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ဖော်ပြထားပါတယ်။စက္ကူခေါက်တွေအများကြီးခေါက်ရမှာပါ။လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ပထမအဆင့်မှာ frame အတွက်စက္ကူခေါက်ရမယ်။စာရွက်ကိုအလျားအနံ 5cm,10cm ယူပါတယ်။ပြီးနောက်ပုံအတိုင်းအဆင့်ဆင့်ခေါက်လိုက်ပါတယ်။ထိုစက္ကူခေါက်တွေကိုတစ်ခုနဲ့တစ်ခုကော်ကပ်၍ဆက်ပြီး frame
ပြုလုပ်ရမှာပါ။ပုံကိုတော့စက္ကူခေါက်တွေထဲထည့်၍အသုံးပြုနိုင်ပါတယ်။ကျောဘက်ကိုအခြားစက္ကူတွေမကပ်တော့ပါဘူး။ပြီးနောက်ထို frame
အတွက်ကော်ကပ်ရန်အခြားစက္ကူခေါက်များခေါက်ရမှာပါ။စာရွက်ကိုအလျားအနံ 5cm,10cm ဖြတ်ပါတယ်။ပြီးနောက်ပုံပြထားတဲ့အဆင့်အတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။ထိုစက္ကူခေါက်များကိုတစ်ခုနဲ့တစ်ခုကော်ကပ်ပါတယ်။ထိုကော်ကပ်ထားတဲ့စက္ကူခေါက်သုံးခုကိုကော်ကပ်ပြီး၊ frame နဲ့ဆက်လိုက်ပါတယ်။ပြီးနောက်အခြားကတ်ထူကိုအပြာရောင်စက္ကူနဲ့ကော်ကပ်တယ်။ပန်းပွင့်ကိုတော့စက္ကူအပိုင်းများဖြတ်၍အနားတစ်ဘက်မှာအပိုင်းငယ်များညှပ်၍ပန်းပွင့်ပုံစံခေါက်၍ကော်ကပ်ပါတယ်။ပြီးနောက်ပန်းပွင့်များဖြင့်အလှဆင်ပါတယ်။

img_0.48433464214378186.jpg

img_0.8125876499317158.jpg

img_0.3844356126490946.jpg

img_0.593146336109046.jpg

img_0.6572488136968045.jpg

img_0.4446061323148611.jpg

img_0.8509634166418346.jpg

img_0.133547308094494.jpg

img_0.011861346867947346.jpg
Written by @asterkame
By my photos & made by me



0
0
0.000
12 comments
avatar

ဒီ photo frame လေးကလည်း အတော်လှပါတယ်။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ thanks for pizza.

0
0
0.000
avatar
Thank you for sharing this amazing post on HIVE!
  • Your content got selected by our fellow curator @stevenson7 & you just received a little thank you via an upvote from our non-profit curation initiative!

  • You will be featured in one of our recurring curation compilations and on our pinterest boards! Both are aiming to offer you a stage to widen your audience within and outside of the DIY scene of hive.

Join the official DIYHub community on HIVE and show us more of your amazing work and feel free to connect with us and other DIYers via our discord server: https://discord.gg/mY5uCfQ !

If you want to support our goal to motivate other DIY/art/music/homesteading/... creators just delegate to us and earn 100% of your curation rewards!

Stay creative & hive on!
0
0
0.000
avatar

photo frame ဆန်းဆန်းလေးနဲ့ ချစ်စရာလေးရှင့်
!PIZZA

0
0
0.000
avatar

ဟုတ်တယ် ကျေးဇူးပါ...

0
0
0.000