Paper Photo Frame

avatar

ဒီတစ်ခုကပုံလေးတွေအတွက်အသုံးဝင်နိုင်မဲ့ဓာတ်ပုံဘောင်တစ်ခုပါ။ပြုလုပ်နည်းတွေကိုပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလိုစာရေး၍လည်းပြောပြထားပါတယ်။လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတွေပါ။ပထမအဆင့်မှာကတ်ထူကိုလေးထောင့်ပုံဖြတ်၍အစိမ်းရောင်စက္ကူဖြင့်ကော်ကပ်တယ်။ပြီးနောက်ပုံရဲ့ဘောင်တစ်ခုပြုလုပ်ချင်တာကြောင့်ပန်းရောင်စက္ကူကိုခေါက်ချိုး၍ကော်ကပ်ပြီး၊ပုံအတိုင်း frame အဖြစ်ကော်ကပ်ပါတယ်။အနည်းငယ်ဆန်းသစ်ချင်တာကြောင့်အပေါ်ဘက်အနားစွန်းနှစ်ခုကိုခေါက်ချိုး၍ကော်ကပ်ပါတယ်။ပြီးနောက်အပြာရောင်စက္ကူဖြင့်စက္ကူအလိပ်တစ်ခုခေါက်ပြီး၊ပုံအတိုင်းကော်ကပ်ပါတယ်။ချိတ်ဆွဲ၍ထားနိုင်သလို၊ကတ်ထူကိုသုံးခေါက်ချိုးပြီး stand ပုံစံပြုလုပ်၍လည်းအသုံးပြုနိုင်ပါတယ်။ပြီးတော့အလှဆင်ရန်လိပ်ပြာသုံးကောင်ပြုလုပ်ရမယ်။စက္ကူကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံအတိုင်းအဆင့်ဆင့်ခေါက်ချိုးလိုက်ပါတယ်။ပြီးနောက်ဆေးခြယ်လိုက်ပါတယ်။လိပ်ပြာကောင်များဖြင့်လည်းအလှဆင်ပါတယ်။

![
img_0.7866630152190186.jpg

img_0.3657584259854201.jpg

img_0.8776609140003518.jpg

img_0.9441904074576899.jpg

img_0.7092156612073249.jpg
]()
Written by @asterkame
By my photos & made by me



0
0
0.000
15 comments
avatar

လိပ်ပြာလေးတွေက အသက်ဝင်နေသလိုပဲ လှလိုက်တာ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်....

0
0
0.000
avatar

Congratulations @asterkame! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000
avatar

လှတယ်နော်လိပ်ပြာလေးတွေ

0
0
0.000