Paper Box,How to Make it

avatar

‌ဒီတစ်ခုကလိုအပ်တာအတွက်အသုံးပြုနိုင်တဲ့ဘောက်စ်တစ်ခုပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ဖော်ပြထားသလို၊စာရေး၍လည်းပြောပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ဖြင့်ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာကတ်ထူကိုစက်ဝိုင်းခြမ်းပုံစံအပိုင်းများဖြတ်၍ဆေးခြယ်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူအလိပ်ကိုလိုသလိုဖြတ်၍ပန်းရောင်စာရွက်ဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်ကတ်ထူကိုလေးထောင့်ပုံစံဖြတ်၍အပြာရောင်စက္ကူဖြင့်ကော်ကပ်တယ်။ထိုသုံးခုကိုကော်ကပ်ပြီးဆက်လိုက်ပါတယ်။နောက်တစ်ဆင့်မှာပန်းပွင့်လေးတွေပြုလုပ်ရမယ်။ပန်းပွင့်ပြုလုပ်ရန်ပန်းရောင်စက္ကူကိုအလျားအနံတူညီစွာဖြတ်၍ပုံအတိုင်းကတော့ချွန်ပုံစံခေါက်ပါ့မယ်။အခြားစက္ကူအပိုင်းတစ်ခုပေါ်ပန်းပွင့်ပုံပေါ်အောင်ကော်ကပ်ပါ့မယ်။ပန်းပွင့်နှစ်ပွင့်ပြုလုပ်ပြီး၊အစိမ်းရောင်စက္ကူကိုထိုအတိုင်းခေါက်၍သစ်ရွက်ပုံစံပြုလုပ်ပါတယ်။ပြီးနောက်ဘောက်စ်မှာအလှဆင်ပါတယ်။


img_0.9537961716501488.jpg

img_0.18081766814124728.jpg

img_0.8137855450706887.jpg

img_0.23961364979057578.jpg

img_0.9093095986490562.jpg
Written by @asterkame
By my photos & made by me



0
0
0.000
2 comments
avatar

လှပါတယ်ခင်ဗျာ။ !PIZZA

0
0
0.000