Origami Bow and Heart, How to Make it

ဒီနေ့ origami bow and heart နှစ်ခုခေါက်ထားပါတယ်။ ထိုတစ်ခုကို စက္ကူတစ်ရွက်တည်းကိုအသုံးပြု၍ ခေါက်ရတာပါ။ သူတို့အတွက်စက္ကူခေါက်ရတဲ့အဆင့်တွေများပါတယ်။ အရောင်မတူတဲ့စက္ကူနှစ်ရွက်ကို ကော်ကပ်၍ ပြုလုပ်လို့ရပေမဲ့ ဒီမှာတော့ ဆေးခြယ်၍ ပိုလှစေရန် ပြုလုပ်ထားပါတယ်။ သူတို့ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံ၊ watercolor စသဖြင့်ပါ။

ပထမအဆင့်မှာ အလျားအနံတူညီတဲ့ စက္ကူတစ်ရွက်ဖြတ်ရမှာပါ။ ဒါကို 21cm ဖြင့်ဖြတ်ထားပါတယ်။ ထိုစက္ကူကို အညီအမျှအပိုင်းလေးခုဖြစ်အောင်ခေါက်၍ အနားတစ်ဘက်စီကို တစ်ဝက်စီထပ်မံခေါက်ပါတယ်။ အခြားတစ်ဘက်မှအနားကိုအလယ်မျဥ်းသို့ခေါက်၍ အနားနှစ်ဘက်ကို ထိုခေါက်ချိုးမျဥ်းသို့ တစ်လှည့်စီခေါက်ရမှာပါ။ နောက်တစ်ဆင့်မှာ ခေါက်ချိုးမျဥ်းများအတိုင်း အလယ်သို့စုစည်း၍ အစွန်းနှစ်ခုကိုအလယ်သို့ခေါက်ပြီး ဘေးဘက်အစွန်းနှစ်ခုကိုလည်း ခေါက်ရမှာပါ။ ထိုစက္ကူကိုတစ်ဘက်သို့လှည့်ပြီးနောက် heart shape ဖြစ်တဲ့အထိအဆင့်ဆင့်ခေါက်ရမှာပါ။

bow အတွက်အနားနှစ်ဘက်ကို အလယ်သို့ခေါက်၍ ထိုအနားတွေကို ပုံအတိုင်းထပ်မံခေါက်ပါ့မယ်။ အခြားစက္ကူအစွန်းနှစ်ခုကိုလည်း ခေါက်၍ bow ပုံစံဖြစ်ရန်ပုံဖော်ပါတယ်။ နောက်တစ်ခုကို ပန်းရောင်စက္ကူဖြင့်ခေါက်၍ သူတို့ကိုပုံအတိုင်းဆေးခြယ်ပါတယ်။

သူတို့က အရမ်းလှပြီး တကယ့်ကို နှစ်သက်စရာကောင်းပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

May 9, 2024
Written by @asterkame
By my photo & made by me



0
0
0.000
0 comments