Beautiful Paper Card

avatar

ဒီတစ်ခုကပန်းအိုးပုံစံကဒ်တစ်ခုပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာတို့ဖြင့်ဖော်ပြထားပါတယ်။လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ပထမအဆင့်မှာအရွယ်တူကတ်ထူနှစ်ရွက်ဖြတ်၍အဝါရောင်စက္ကူပေါ်ကော်ကပ်ပါတယ်။ပြီးနောက်မလိုတဲ့နေရာတွေကိုညှပ်ပါတယ်။အလယ်မှခေါက်ချိုး၍ကဒ်ပုံစံပြုလုပ်ကာလက်ကိုင်တစ်ခုဖြတ်၍ကော်ကပ်ပါတယ်။ရှေ့မျက်နှာမှာရောင်စုံစာရွက်ကိုအပိုင်းပိုင်းဖြတ်၍ကော်ကပ်ပါတယ်။ပန်းပွင့်များပြုလုပ်၍ကော်ကပ်လို့ရအောင်အခြားကတ်ထူတစ်ခုကိုပုံအတိုင်းပြုလုပ်ပါ့မယ်။ပန်းပွင့်များကိုတော့စက္ကူပေါ်ပန်းပွင့်ပုံဆွဲ၍ညှပ်ပြီး၊ပန်းပွင့်များပြုလုပ်ပါတယ်။ပန်းပွင့်ရဲ့အနားကိုအနည်းငယ်ဖြတ်၍ကော်ပြန်ကပ်ပြီး၊သစ်ရွက်များဖြတ်၍ဆေးခြယ်လိုက်ပါတယ်။ထိုပန်းပွင့်များ၊သစ်ရွက်များဖြင့်ကော်ကပ်အလှဆင်ပါတယ်။

img_0.5290130433079432.jpg

img_0.22187285298787532.jpg

img_0.06270427083623385.jpg

img_0.6573102148977181.jpg

img_0.9307360121030025.jpg

img_0.4378994807758481.jpg

img_0.3796080139489158.jpg

img_0.09552905072908133.jpg
Written by @asterkame
By my photos & made by me



0
0
0.000
5 comments
avatar

ဒီတခါတော့ပန်းအိုးလေးပေါ့

0
0
0.000
avatar

ဟုတ်တယ် ပန်းအိုးလေးပါ....

0
0
0.000