သူခိုး ဓားပြမဟုတ်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

စာရေးဖို့အာရုံဝင်စားဖို့ဆိုတာ အတော်ခက်တဲ့ကာလဖြစ်နေပါတယ်... အာရုံစိုက်နေပေမယ့်လည်း စုစည်းမရဖြစ်နေတာကတော့ လူတိုင်းဖြစ်မယ်လို့ထင်ပါတယ်... သို့ပေမယ့်လည်း ငါးပြားပဲရရ ဆယ်ပြားပဲရရ မဖြစ်မနေ ပို့စ်တစ်ခုလောက်တော့ တင်နေပါတယ်...

ခုလိုချိန်မှာ ရသမျှဖမ်းဆုပ်နေကြရလေတော့ တန်ဖိုးရှိတဲ့စာတွေ ဖြစ်ချင်မှဖြစ်နိုင်ကြပါလိမ့်မယ်... ဒီတော့ တင်သာတင် ရေးသာရေး တက်လာသမျှ ဗို့ပေးကြရတာပဲ... အဲဒီထဲအဆိုးဆုံးကတော့ ရေးချင်ရာရေး တင်ချင်ရာတင်နေတဲ့ ကျွန်တော်ပဲ ဖြစ်လိမ့်မယ် 😝 ခုလည်းရေးချင်ရာ ရေးတော့မယ်ဗျို့...



ခုလည်း ဆိုင်ကယ်က ဆီပြတ်ခါနီးလို့ ဆီဆိုင် ဘယ်အချိန်တန်းစီရမလဲ? သွားစရာတွေကလည်း အများသား ဆီမရသေးသမျှ ဆိုင်ကယ်လျှောက်လှိမ့်နေလို့မဖြစ်ဆိုတော့ လူကလည်း ဂနာမငြိမ် စိတ်ကလည်း တောင်ရောက် မြောက်ရောက်နဲ့ပါပဲ...

မနက်ဆိုတာ မသေချာဘူး... နေ့မြင် ညပျောက်ခေတ်မဟုတ်တော့ပဲ ခုမြင် ခဏနေပျောက်ခေတ်ရောက်နေလေတော့ အသွားအလာ အနေအထိုင် အစားအသောက် ဆင်ခြင်နေထိုင်တာတောင် အိပ်နေတဲ့ အိမ်ရာအောက် ရေဝင်တဲ့သူတွေတပုံတပင် များလှပါတယ်...

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး... မှန်လိုက်လေခြင်း... ဘာမှမဖြစ်မှတော့ ဘာမှ မဖြစ်ဘူးပေါ့... ဖြစ်ပြီဟေ့ဆိုပြန်ရင်လည်း လူသေရင်သေ မသေရင်တော့ ရှိသမျှ ကုန်မယ်သာမှတ်ပေရော့... ဥပဒေဆိုတာကြီး စိုးမိုးနိုင်တယ်ဆိုတဲ့အချိန်တုံးကတောင် လုပ်ချင်ရာလုပ်နေကြတာ ခုလို ဥပဒေဆိုတာကြီး မစိုးမိုးနိုင်မှတော့ အိုးစည်ဗုံမောင်းတွေတီးလို့တောင် လုပ်ချင်ရာလုပ်နေကြမှာ အသေအချာပါ...

သူခိုး ဓားပြဆိုတာတွေကလည်း စည်းမရှိ ကမ်းမရှိ ဖြစ်လို့နေတဲ့ခေတ် ဖြစ်နေတာကြာပြီလေ... သူခိုးဆိုတာ ပစ္စည်းပဲခိုးတယ် သူခိုးနဲ့ဆိုင်တဲ့အလုပ်ပဲလုပ်တယ်... လူမသတ်ဘူး... မုဒိန်းမကျင့်ဘူး... ပစ္စည်းတောင် ကုန်အောင်မခိုးကြဘူး... အိမ်ရှင်လုပ်စားဖို့ချန်ထားခဲ့ကြသေးတယ်...

ဓားပြဆိုတာလည်း အတူတူပဲ သူနဲ့ဆိုင်တဲ့အလုပ်ဖြစ်တဲ့ ဓားပြ သေနတ်ရှိတော့ သေနတ်ပြပြီး ပစ္စည်းပဲ ယူသွားကြတယ်... လူလည်းမသတ်သလို မုဒိန်းလည်းမကျင့်ဘူး... သူတို့လည်းပဲ ဓားပြတိုက်ခံရတဲ့သူတွေ လုပ်စားဖို့အတွက် ပစ္စည်းအကုန်မယူကြဘူး...

ခုခေတ်ကြီးထဲမှာတော့ ဘာကို နာမည်တပ်ရမှန်းမသိတဲ့ လူတွေက ပစ္စည်းကိုလည်းရှိသမျှ အကုန်သမသလို မိန်းမတွေ့ရင် ကြီးသည် ငယ်သည် အပျို အအို ဘာမှမကြည့်ပဲ မုဒိန်းလည်းကျင့်ချင် ကျင့်သွားသေးတယ်... အဲတော့ ခုခေတ်က သူခိုးလည်းမဟုတ် ဓားပြလည်းမဟုတ်တော့တဲ့ လူယုတ်မာ‌တွေပဲလို့ သတ်မှတ်ရမှာပါပဲ... ဆက်ရေးဖို့ သိပ်အဆင်မပြေတော့ မရေးတော့ဘူး...


အားလုံးကိုလေးစားလျှက်-


@ansoe



0
0
0.000
7 comments
avatar

လူကောင်းလို့ ယူဆချင်ကြသူတွေက နေသာသလို နေနေကြတော့ လူယုတ်တွေ ခေတ်ထကောင်းတာပေါ့။
!lol

0
0
0.000
avatar

This guy said he was going to attack me with his guitar.
I said is that a fret?

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @tin.aung.soe
The LOLZ Tribe is here! Stake your LOLZ now to earn curation rewards and continue using the !LOLZ command. Please read our latest update for more information.
(2/6)

0
0
0.000
avatar

Congratulations @ansoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 2000 HP as payout for your posts, comments and curation.
Your next payout target is 3000 HP.
The unit is Hive Power equivalent because post and comment rewards can be split into HP and HBD

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Level up your NFTs and continue supporting the victims of war
0
0
0.000
avatar

လူကောင်းတွေ က နေသာသလို မနေပဲ
သွေးစည်းကြရမှာပါ။
!PIZZA

0
0
0.000
avatar

ခုခေတ်ကြီးမှာ ကူညီမယ့်သူက သူ့အကျိုးထိခိုက်ခံပြီး မကူညီရဲကြတော့ဘူးဗျို့

0
0
0.000
avatar

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(1/5) tipped @ansoe (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000