ထိန်းသိမ်းသင့်ပေ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

မ‌နေ့က မထင်မှတ်ပဲ ခလုပ်အနှိပ်မှားပြီးသကာလ ကနေ့တင်မယ့်ပို့စ်ကိုပါ တင်ပြီးသားဖြစ်သွားရလေတယ် 😝 မှားယွင်းနှိပ်မိတဲ့အတွက် မိတ်ဆွေများခမြာ နှစ်ခါပြန် Vote ပေးကြရရှာပေတော့တယ်... အမှားကောင်းပဲ 😝 အမှန်တော့ ဒီကနေ့မှ အဲဒီပို့စ်တင်ဖို့လုပ်နေရာကနေ မှားယင်းပြီး နှိပ်မိလေတော့ ပြန်ပြီး ဆောရီးလုပ်မဖြစ်တော့လို့ပါခင်ဗျာ...

အဲဒီတော့ ကနေ့အတွက် ပို့စ်တစ်ခု ပြန်စဉ်းစားရပြန်တော့တာပေါ့ဗျာ... အဲသလိုစဉ်းစားတော့လည်း အရင်လမ်းကြောင်းကိုဆက်ရေးလိုလာပြန်သဗျ... အဲဒီတော့ ဆက်လက်ရေးသားခွင့်ပြုကြပါကုန်လော့ အို မိတ်ဆွေအပေါင်းတို့...



လူသားတွေအနေနဲ့ ဘဝတိုးတက်လမ်းလို့ပဲခေါ်ခေါ် အေးအေးချမ်းချမ်းနေလိုတာပဲဖြစ်ဖြစ် သက်တောင့်သက်သာ(အမှန်တော့ ရေသာခိုတာပါ)ဖြစ်ချင်လို့ပဲဖြစ်စေ သိပ္ပံပညာ နည်းပညာတွေရဲ့ အကူအညီနဲ့နည်းမျိုးစုံ တီထွင် ဖန်တီးလာခဲ့ကြပါတယ်... လူသားတွေကို အကျိုးပြုခဲ့ကြာတာလည်း အမှန်ပဲဖြစ်ပါတယ်... သို့ပေမယ့်လည်း တဖက်မှာတော့
သဘာဝဆိုတဲ့အရာတွေဟာ ပျက်စီးပျောက်ကွယ်ကုန်ကြရပါတယ်... ဥပမာအားဖြင့်ဆိုရင် အိမ်သစ်ဆောက်လိုတဲ့အတွက် အိမ်ပတ်ဝန်းကျင်က သစ်ပင်တွေ အကုန်ခုတ်တတ်ကြပါတယ်... မခုတ်တဲ့သူအနည်းငယ်လောက် ရှိကောင်းရှိနိုင်ပါတယ်...

အိမ်ဆောက်ပြီးချိန်မှာလည်း အိမ်သစ်ကို လူမြင်စေချင်တဲ့စိတ်နဲ့ သစ်ပင်ခုတ်ပစ်တတ်ကြပါသေးတယ်... သစ်ပင်ခုတ်လိုက်တဲ့အတွက် အပူဒဏ်ကို လက်တွေ့ခံစားကြရတော့တာပဲ... စက်မှုခေတ်ကာလ သိပ္ပံခေတ် နည်းပညာခေတ် တိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းတွေအသုံးပြုမှုများလာကြတာပဲ... ယာဉ် စက်ကိရိယာပစ္စည်းတွေအသုံးပြုမှုများလာတာနဲ့အမျှလည်း အဆိပ်ငွေ့တွေ ထုတ်လုပ်မှုများလာတာပဲမဟုတ်လား... အပူချိန်တွေတိုးလာကြစမြဲမဟုတ်ပါလား...

တောတောင်ထဲ မတိုးတက် မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသတွေမှာ အသက်ရှုရတာနဲ့ တိုးတက်နေတဲ့ မြို့ကြီးတွေမှာ အသက်ရှုရတာ ဘယ်လိုကွာခြားတယ်ဆိုတာ သေချာသတိထားကြည့်ကြပေါ့လေ... သန့်ရှင်းတဲ့လေ လတ်ဆတ်တဲ့လေဆိုတာ မြို့ကြီးတွေမှာ မရှိတော့လောက်အောင်ကို ရှားနေပါပြီ...

ဘယ်လိုနည်းနဲ့ ကုစားကြမလဲဆိုတာတော့ ပညာရှင်တွေ တတ်နိုင်ကြပါ့မလား မသိနိုင်ဘူး... မပြောနိုင်ဘူးပေါ့... နည်းပညာကိုအားကိုးပြီး လူသားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့သူတွေကလည်း ပေါများလာပါတယ်... လက်နက်နဲ့စစ်ပွဲတွေ လက်နက်မပါတဲ့ စစ်ပွဲတွေ အများအပြားက လူသားတွေကို နေ့စဉ်နဲ့အမျှ ဒုက္ခပေးနေတတ်ပါတယ်... ကဲ-ပျက်စီးယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ ဘယ်သူတွေလုပ်လို့ဖြစ်လာတာလဲဆိုတာ ကွက်ကွက်ကွင်းကွင်းပေါ်နေပါတယ်... သဘာဝတရားတွေကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့...


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
11 comments
avatar

သာယာလိုက်တာ​​နော်
!LUV
!LOLZ

0
0
0.000
avatar

အမြဲသာယာလှပနေစေချင်ပါတယ် 😊

0
0
0.000
avatar

ရွှေတွေတူးပြီး ဧရာဝတီကို သတ်နေတာတွေ ဘယ်လို ရှင်းမလဲ...? !PIZZA

0
0
0.000
avatar

အဲဒါ အဲဒါ ဆာဟင်ရေ သဘာဝပတ်ဝန်းကျင်တွေကို လိုက်ဖျက်ဆီးနေတာက နည်းပညာရှင်တွေမဟုတ်ပဲ ငွေရှင်ကြေးရှင် ဘူဇွာတွေပဲ

0
0
0.000