စိတ်ထားတတ်ဖို့တော့လိုပါတယ်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

''ပီး ပေါ် ပီးပေါ် ပီးပေါ်" "ကျိ ကျိ ကျိ ကျိ ကျိ ကျိ" "ဝုန်း" "ဟာ ဟယ် ဟင်" မနေ့က မနက် အချိန်က (၈)နာရီ ဝန်း‌ကျင်လောက်မှာ အထက်ပါ အသံမျိုးစုံ ထွက်ပေါ်လာခဲ့ရပါတယ်... ဘာသံတွေလဲလို့ ပြောစရာလိုမယ်မထင်ပေမယ့်လည်း ပြောပါအုံးမယ်...

ပီး ပေါ် ပီးပေါ်ကတော့ လူနာတင်ယာဉ်(Ambulance)တစ်စီးရဲ့ အသံ ကျိ ကျိ အသံကတော့ အဲဒီ အရေးပေါ်ကားရဲ့ ဘရိတ်အုပ်လိုက်တဲ့အသံ ဝုန်း ဆိုတာကတော့ ကားတစ်စီးကို ဝင်တိုက်လိုက်တဲ့အသံ နောက်ဆုံး အသံတွေကတော့ လမ်းမှာ သွားလာနေတဲ့သူတွေနဲ့ဘေးမှာရှိနေတဲ့လူတွေရဲ့ အာမေဋိတ်သံတွေပဲဖြစ်ပါတယ်... လူနာတင်ယာဉ်ဆိုသော်လည်း ပရဟိတလုပ်ငန်းလုပ်နေတဲ့ ယာဉ်သာဖြစ်ပါတယ်...

မည်သို့မည်ပုံဖြစ်ပျက်သွားသည်ကို အစကနေ အဆုံးသေချာမသိလိုက်သော်ငြားလည်း အရေးပေါ်ကားက လိုက်ထရပ်(Light Truck)ကားကို ဝင်တိုက်မိခြင်းဖြစ်ပါတယ်... လူနာတင်ယာဉ်ပေါ်တွင် လူနာပါလာတဲ့အတွက် အရှိန်တင်မောင်းနှင်လာရင်း လမ်းဖြတ်ကူးနေတဲ့ လိုက်ထရပ်ယာဉ်ကို ဝင်တိုက်မိခြင်းဖြစ်ပါတယ်...



မည်သူမှားသည် မှန်သည်ဆိုခြင်းကို ဝေဖန်လိုခြင်းမဟုတ်ပါ... လူအများစုရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျလာမှု၊ အခွင့်အရေးကို အလွှဲသုံးစား လုပ်မှုကြောင့်လို့ ထင်မြင်မိပါတယ်... လူနာတင်ယာဉ်ကို မောင်းနှင်လာသူက မြို့တွင်း လူရှုပ်တတ်တဲ့လမ်းပေါ်မှာ အရှိန်ကုန်မောင်းလာခြင်းက အမှားတစ်ခုလို့လည်း ယူဆမိပါတယ်...

အရှိန်ကုန် မောင်းနှင်လာခဲ့တဲ့အတွက် လိုက်ထရပ်ယာဉ်လမ်းကူးဖြတ်နေတာကို မြင်တဲ့အချိန် ဘရိတ်အုပ်သော်လည်း အရှိန်မထိန်းနိုင်တော့ပဲ ဝင်တိုက်လိုက်ပါတယ်... လူနာက အရေးကြီးသည်မှာ မှန်သော်လည်း လူရှုပ်သော မြို့တွင်းလမ်းမှာ အရှိန်ကုန်တင်မောင်းခြင်းမှာ မသင့်တော်လို့လည်း ယူဆမိပါတယ်...

လမ်းဖြတ်ကူးနေတဲ့ လိုက်ထရပ်ယာဉ်က အခြားတစ်ဖက်လမ်းကို ရောက်နေပြီဖြစ်သော်လည်း လူနာတင်ယာဉ်က ဘယ်ဖက်လမ်းကြောမှ ညာဖက်လမ်းကြောထိတိုင် လိုက်ထရပ်ယာဉ်ရဲ့ ရှေ့ပိုင်း ကားတံခါးကို တည့်တည့်ဝင်တိုက်မိလိုက်ခြင်းဖြစ်ပါတယ်... မည်သူမှားလို့ မည်သူမှန်သည်ဆိုခြင်းထက် မဆင်မခြင်‌မောင်းနှင်လာတဲ့ လူနာတင်ယာဉ်မောင်း၏ အပြစ်တစ်ခုဟု ယူဆနိုင်သော်လည်း ဥပဒေလမ်းကြောင်းမှာက လမ်းသွယ် နဲ့ လမ်းမကြီး အဲဒီနောက် လူနာတင်ယာဉ် နဲ့ သာမာန် အရပ်သားယာဉ်ဆိုတော့ လိုက်ထရပ်ယာဉ် ကံဆိုးပြီလို့ ယူဆမိပါတယ်...

ထို့ထက် လူနာတင်ယာဉ်ကို မောင်းနှင်လာတဲ့သူက သူ့မှာ အပြစ်မရှိသလို လုပ်နေတဲ့အပြင် လူနာတင်ယာဉ်ကို မောင်းနှင်ခြင်းက အခွင့်ထူးခံလို ယူဆနေပုံပေါက်နေပါတယ်... လူတစ်ယောက်အသက်က အရေးကြီးတာ မှန်ပေမယ့် အခြားသူ‌များ ထိ‌ခိုက်အောင် မလုပ်သင့်လို့ ထင်မိပါတယ်... လုပ်နေကြတာက ပရဟိတလို့ နာမည်တပ်ထားပြီး စိတ်ထားတွေက အတ္တဟိတဖြစ်နေခြင်းက အလွန်ရုပ်ဆိုးလှပါတယ်...

ပြောချင် ရေးချင်တာတွေက အများကြီးဖြစ်ပေမယ့် အပိုင်းဆက်လည်း မရေးချင်တဲ့အတွက် ဒါလောက်နဲ့ပဲ ရပ်လိုက်ပါတယ်... စိတ်ထားတတ်ဖို့လိုပါတယ်... ပရဟိတလုပ်ငန်းအချို့ကို ကျွန်တော်လည်း လုပ်ကိုင်ဖူးပါတယ်... ပရဟိတလုပ်ငန်းလုပ်ခြင်းက အခွင့်အရေးယူဖို့မ‌ဟုတ်ဘူးဆိုတာလေးလောက်တော့ နားလည်သင့်ပါတယ်...


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
9 comments
avatar

ဘုန်းကြီးကား နှင့် ပရဟိတကားတော့ ကြောက်နေရတာပါပဲ
!PIZZA

0
0
0.000
avatar

ကားက ကြောက်စရာမှမဟုတ်တာလေ 😝

0
0
0.000
avatar

ပရဟိတ ကနေ အတ္တဟိတ တွေဖြစ်ကုန်ကြတယ်ဗျာ။
!PIZZA

0
0
0.000
avatar

သေချာတာပေါ့

0
0
0.000