အားလပ်ချိန်မှ အစပြု၍

avatar
Authored by @ansoe_Soe Naing

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

မေးကြည့်ချင်ပါတယ်... အားရင်ဘာလုပ်တတ်သလဲ? အားလပ်ချိန်လေးတွေဆိုတာ လူတိုင်းက တောင့်တတတ်ကြပါတယ်... အားလပ်ချိန်ဆိုတာ လူတိုင်းအတွက် ပိုနေတဲ့အချိန်ကလေးတွေပေါ့... အဲဒီ ပိုနေတဲ့အချိန်အားလပ်ချိန်လေးတွေရောက်ခဲ့ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေကလည်း တစ်သီတစ်တန်းကြီးဖြစ်နေတတ်တယ်... ကြိုတင်ပြီး စိတ်ကူးနဲ့ လုပ်မယ်ဆိုတဲ့ အားလပ်ချိန်စိတ်ကူးတွေကို သေချာအသုံးချသူ အကျိုးရှိရှိ အသုံးပြုသူက နည်းတတ်ပါတယ်... အကျိုးမဲ့‌ ဒါမှမဟုတ် မကောင်းတဲ့အကျင့်ပြုလုပ်ဖို့ အစပျိုးလေ့ရှိတာက ပိုများတယ်... အရက်သောက် ဖဲရိုက် လောင်းကစားလုပ် စတဲ့မကောင်းတဲ့စရိုက်ဆိုးတွေရဲ့အစဟာ အားလပ်ချိန်လေးတွေက ဖြစ်ပါတယ်...


free_times_copy.png


ကောင်းတဲ့အကျင့်ကိုလည်းပဲ အားလပ်ချိန်လေးကပဲမွေးဖွားပေးပါတယ်... ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် အဲဒါတွေရဲ့ အစကတော့ အားလပ်တဲ့အချိန်တွေကပဲ စပါတယ်... အားလပ်ချိန်ကို အသုံးချပုံပေါ်မူတည်ပြီး လူအများစုရဲ့ ဘဝအနိမ့်အမြင့် ကွဲပြားသွားတတ်ကြပါတယ်... အားလပ်ချိန်မှာ မကောင်းတဲ့အကျင့်ဆိုးတွေကို ပြုလုပ်သူ နဲ့ အားလပ်ချိန်မှာ ကောင်းတဲ့အကျင့်(ဥပမာ-သင်တန်းတက်ခြင်းမျိုး၊ စာပေလေ့လာခြင်း၊ စီးပွားရေးလုပ်ငန်းလေ့လာခြင်း စသည့်)လေးတွေကို လုပ်သူတို့ဟာ နှစ်အနည်းငယ်အတွင်းမှာ အလွန်ကွာခြားသွားတတ်ပါတယ်... ဒါကယေဘုယျသဘောတရားကိုသာ ပြောခြင်းဖြစ်ပါတယ်...

အားရင် ဘာလုပ်သလဲ? အများအားဖြင့်တော့ အကျိုးမရှိတာတွေကို လုပ်မိတာက များမယ်လို့ထင်တာပဲ... လုပ်အားပေးလုပ်မယ်...ပရဟိတလုပ်ငန်း လုပ်မယ်... အိမ်ကမိဘတွေကို ကူညီလုပ်ကိုင်မယ် အဲသလိုစိတ်ကူးသူကတော့ သိပ်များများစားစားရှိမယ်မထင်ဘူး... လူ့စိတ်ဆိုတာက မကောင်းမှုမှာပျော်မွှေ့တယ်လို့ဆိုထားခဲ့ကြတာပဲ... မယုံရင် ညနေကျ ဘီယာဆိုင်သွားရအောင်လို့ သူငယ်ချင်းတစ်ယောက်ကိုခေါ်ကြည့်... ဘယ်ဆိုင်လဲ ဘယ်အချိန်လဲ ဆိုတာ မေးမြန်းပြီး မပျက်မကွက်လာလိမ့်မယ်... ညနေကျ ဘုရားသွားရအောင်လို့ခေါ်ကြည့်မယ်ဆိုရင်တော့ မအားဘူးဆိုတဲ့အဖြေလောက်တော့ရမှာပါ...

မကောင်းတဲ့အကျင့်တစ်ခုဟာ လူစုမိတဲ့အချိန်မှာ ဖြစ်တတ်တာကများပါတယ်... လူစုမိဖို့ဆိုတာကလည်း အားလပ်ချိန်မှာပဲဖြစ်တတ်ပါတယ်... လူစုမိပြီဆိုမှဖြင့် ဘီယာလေးလည်းပါလာတတ်ပါတယ်... အစရှိအနောင်နောင်ဆို သလို အကျင့်တစ်ခုကို အစမှာ အလွန်ခက်ခဲသော်လည်း စမိရင် နောင်လည်း မခက်ခဲတော့ပေ... အကျင့်ကောင်းကိုစမိလျှင် ကိစ္စမများသော်လည်း အကျင့်ဆိုးကို စမိရင်တော့ ဘဝတစ်လျောက်လုံး ပြန်ဖျောက်ပစ်ဖို့ခက်ခဲပါတယ်... ဒီတော့ကာ အားလပ်ချိန်လေး‌တွေကို မှန်မှန်ကန်ကန်အသုံးချနိုင်ကြပါစေ... အားလပ်ချိန်ကလေးများကို အသုံးချလို့ မိမိတို့ရဲ့ဘဝပန်းတိုင်ကို အမိအရဖမ်းဆုပ်နိုင်ကြပါစေဗျာ... အဓိကအနေနဲ့ကတော့ လူငယ်တွေကို ရည်ရွယ်ပါတယ်ခင်ဗျာ...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
14 comments
avatar

အားရင် Hive ပေါ်တက် 😁😁 !PIZZA

0
0
0.000
avatar

ပိုက်ပိုက်ဝင်တာပေါ့လေ 😁

0
0
0.000
avatar

အားရင် ဖုန်းပွတ်ပါတယ်
!LOL

0
0
0.000
avatar

I watched a documentary on Marijuana last night…
…that’s probably how I’ll watch all documentaries from now on.

@ansoe, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

တော်သေးတာပေါ့ ဖုန်းပဲပွတ်လို့ 😂

0
0
0.000
avatar

အားရင်တော့ အိပ်မက်တေ အကောင်အထည်ဖော်တယ်။ 😁

0
0
0.000
avatar

အိပ်မက် မက်ထားတယ်ပေါ့ အိပ်မက်ကို အကောင်အထည်ဖော်ရမှာပေါ့

0
0
0.000
avatar

ဘုရား အရင်သွားပြီးမှ ဘီယာ သောက်ကြရအောင် ခေါ်ရင် ကော...😀😀😀😀 !PIZZA

0
0
0.000
avatar

ဘုရားအရင်ရောက်သွားရင်တော့ ဘီယာသောက်မခေါ်လောက်တော့ဘူး ထင်တာပဲလေ 😄

0
0
0.000