ပညာလိုတယ်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ယနေ့ကာလ လူငယ်များကို လေ့လာကြည့်မိသောအခါမှာ အတော်များများက အရာရာကို အလေးမထားတတ်တာကို မြင်ရပါတယ်... ဒါ့အပြင် လူငယ်အများစုက ပညာတတ်ဖို့ဆိုတာထက် ငွေကြေးဓနချမ်းသာမှုနောက်ကို လိုက်ကြတာတွေ့ရပါတယ်... ဒါကိုကြည့်ခြင်းအားဖြင့် လူငယ်အများစုဟာ ပညာဆိုတာထက် ဥစ္စာဆိုတာကို မက်မောကြ တန်ဖိုးထားကြတာကို တွေ့နိုင်ပါတယ်... လူငယ်များသာမက အချို့ အချို့သော လူကြီးများပင် အဲဒီလို အယူအဆကို လက်ခံထားကြတာပါပဲ... ပစ္စည်းဥစ္စာသည် အရေးမကြီးမဟုတ်... ရေရှည်အတွက်မူ ပညာက အလွန် အရေးပါသလို အလွန်လည်း အရေးကြီးပါတယ်..


owl_copy.png


ကိုယ့်နေရာ ကိုယ့်ဒေသတစ်ခုတည်း အတွက်ကြည့်မယ်ဆိုရင်တော့ ပညာထက် ငွေကြေးချမ်းသာမှုက ပိုပြီး အရာရောက်နေသလိုပါပဲ... အခြားသော တိုင်းပြည်နိုင်ငံများနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ငွေကြေးချမ်းသာမှုထက် ပညာက ရေရှည်မှာ ပိုပြီး အသုံးကျမှာဖြစ်သလို ငွေကြေးချမ်းသာမှုသာရှိပြီး ပညာမရှိတဲ့ တိုင်းပြည်နိုင်ငံဟာ အောက်ကျနောက်ကျနိုင်မှာဖြစ်သလို အနှိမ်ခံရမှာလည်း ဖြစ်ပါတယ်... ကိုယ့်အတွက်သာ ကြည့်တတ်တဲ့ သူများကတော့ ဥစ္စာပစ္စည်းကိုသာ လိုချင်ကြပါလိမ့်မယ်... နောက်မျိုးဆက်တွေ ကောင်းစားစေချင်တဲ့စိတ်ရှိသူများကတော့ ပညာကိုသာ တန်ဖိုးထားလိမ့်မယ်ထင်ပါတယ်...


owl_1.png


တိုင်းပြည်နဲ့လူမျိုးတိုးတက်ဖို့ဆိုရင် ပညာမပါရင် မဖြစ်တာသေချာပါတယ်... ပညာတတ်သောတိုင်းပြည်နဲ့လူမျိုးများက လူတွင်ကျယ်လုပ်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေကြတာ မြင်တွေ့နိုင်ပါတယ်... ပညာကလည်းမတတ် ငွေကြေးချမ်းသာမှုကလည်း မရှိဆိုရင်တော့ အဲဒီတိုင်းပြည်ဟာ ဘယ်လိုမှ တိုးတက်လာနိုင်မှာ မဟုတ်သလို သူများနိုင်ငံရဲ့ အထောက်အပံ့ကို မျှော်ကိုးနေရမယ့် တိုင်းပြည်တစ်ခုသာဖြစ်နိုင်ဖွယ်ရှိပါတယ်... အထောက်အပံ့ပေးတဲ့ တိုင်းပြည်နိုင်ငံကိုလည်း အရိပ်တကြည်ကြည့်နဲ့နေရမယ့်အဖြစ်မျိုးကနေ တိုးတက်နိုင်ဖွယ်ရှိမယ်လို့လည်း မထင်မိပါဘူး...

ဒီတော့ကာ ပညာဆိုတာက တိုင်းပြည်တစ်ခု နိုင်ငံတစ်ခုအတွက် အမှန်ပင်အရေးပါတာကို မျိုးဆက်သစ်လူငယ်များနားလည်နိုင်မယ်ဆိုရင် ကောင်းလေစွလို့ပဲ ပြောရတော့မှာပါပဲ... ကျွန်တော်မကြာခဏရေးခဲ့ဘူးသလိုပါပဲ... ကျွန်တော်တို့တိုင်းပြည်မှာက အကုန်ရှိတယ်လို့ ကြွားလို့ရတဲ့ အ‌ခြေအနေတစ်ခုပါ... အကုန်ရှိပေမယ့်လို့ ဘာလုပ်တတ်လို့တုံးလို့မေးရင်တော့ ဘာပညာမှ မရှိတဲ့အတွက် ဘာမှမလုပ်တတ်ပါဘူးလို့ပဲ ဖြေရမလိုဖြစ်နေတဲ့ တိုင်းပြည်ဖြစ်ပါတယ်... ကျွန်းသစ်လား အလုံးလိုက်ရောင်းစားတာကလွဲလို့ ဘာမှမလုပ်တတ်ဘူး... ရေနံလား ဘာမှမလုပ်တတ်လို့ အရိုင်းအတိုင်းရောင်းစားနေကြရတာပဲမဟုတ်လား... အခြားသော ထွက်ကုန်ပစ္စည်းတွေလည်း အတူတူပါပဲ... ပြောရင်ကုန်နိုင်ဖွယ်မရှိလေတော့ မပြောတော့ဘူး... မျိုးဆက်သစ်များ ပညာကို တန်ဖိုးထားလို့ သင်ကြားနိုင်ကြပါစေ...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
15 comments
avatar

ဟုတ်အကို
ဗဟုသုတရပါတယ်ခင်ဗျ

0
0
0.000
avatar

အခုလိုကြားရတာ ဝမ်းသာပါတယ်ဗျာ !LOL

0
0
0.000
avatar

Where do elephants hide?
They paint their toenails red and hide in strawberry patches!

@johndieo, I sent you an $LOLZ on behalf of @ansoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

ဂါတတ်ဖို့ လိုတာ မဟုတ်ဘူးလား
!LOL

0
0
0.000
avatar

ပလာစတာလေးတော့ဆောင်ထားရတာပ

0
0
0.000
avatar

offshore မှာ လုပ်တာလား အကို 😟

0
0
0.000
avatar

ဘာအလုပ်မှမရှိတော့ အလုပ်အကုန်ရှိတယ် 😂

0
0
0.000
avatar

အကုန်ရှိပြီး ဘာမှမလုပ်တတ်တဲ့နိုင်ငံမှာ ကျုပ်တို့နေတယ်။
!LOL

0
0
0.000
avatar

Yesterday a clown held a door open for me.
I thought it was a nice jester.

@ansoe, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)

0
0
0.000
avatar

ဒါလည်း နားအေးတာပဲ 😝 ထိုင်ရောင်းစားနေရုံပဲ ဦးနှောက်မစားတော့ဘူးပေါ့ 😄

0
0
0.000
avatar

ပညာကိုလိုလားပေမယ့် သင်ယူနိုင်စွမ်းကို ကန့်သတ်ထားသောအခါ...

0
0
0.000
avatar

မြှောက်စားအားပေးမှုက ပိုအရေးပါသလားပဲ ပညာကိုသူများနိုင်ငံတွေကရောင်းစားတာ ဘယ်တော့မှမကုန်နိုင်ဘူး

0
0
0.000
avatar

ပညာတတ်ရင် အကုန်သတ်...!PIZZA

0
0
0.000
avatar

အမငီး ချမ်းသာပေးဘာဂျာ က ကြီး ခခွေး နငယ် ဃကြီးတောင် မကွဲပါဘူးခင်မြာ 😁

0
0
0.000