နေရောင်အောက်ကအတွေး

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

နေအပူရှိန်ပြင်းပြင်းအောက်မှာ ဆိုင်ကယ်စီးလာရင်းနဲ့ ကောင်းကင်ပြင်ကြီးကို မော့ကြည့်လိုက်မိတယ်... မိုးတိမ်တွေကင်းစင်ပြီး‌နေရောင်ခြည်က အတားအဆီးမဲ့ကျရောက်နေတဲ့အတွက် ပြင်းထန်လွန်းတဲ့ နေရောင်ခြည်ရဲ့ ဒဏ်က ဟိုးလွန်လေပြီးတဲ့ နှစ်များကထက် ပိုပြီး ပူပြင်းနေတယ်လို့ ခံစားမိတယ်...

တစ်ဖက်က နည်းပညာတွေတိုးတက်လာခြင်းနဲ့အတူ အခြားတစ်ဖက်မှာတော့ သဘာဝတရားတွေ ထိခိုက်ပျက်စီးလာတဲ့သဘောလို့လည်း တွေးမိပါတယ်... နည်းပညာမတိုးတက်ခင်ကာလအချိန်များမှာ အလွန်သာယာအေးချမ်းကြတယ်လို့ ထင်ပါတယ်... ကျွန်တော်ဖြတ်သန်းလာခဲ့ရတဲ့ ဘဝတစ်လျောက်ကို ပြန်ကြည့်ရင်လည်း ငယ်စဉ်ကလေးဘဝက နည်းပညာမရှိပေမယ့် သာယာအေးချမ်းတဲ့ဘဝကို ဖြတ်သန်းလာခဲ့ရပါတယ်...



နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ အလွန်အပျင်းကြီးလာကြတယ်လို့ ထင်ပါတယ်... ဂဏန်းတွက်စက် မပေါ်ခင်က စာရွက်ပေါ်မှာချ‌ပြီး ကိုယ့်ဦးနှောက်ကို အသုံးပြုလို့ တွက်ချက်ခဲ့ကြပေမယ့် ဂဏန်းတွက်စက်ပေါ်လာတဲ့အချိန်က စလို့ ကိုယ့်ဦးနှောက်ကို အသုံးမချတော့ပဲ ချေးကိုက်နေပြီး ဂဏန်းတွက်စက်မပါရင် တစ်နဲ့နှစ်တောင် မပေါင်းတတ်လောက်အောင်ဖြစ်သွားသလားပဲ...

စက်ပစ္စည်းတွေကို အားကိုးလာခြင်းကလည်း အလွန်များပြားလာတယ်လို့ ထင်ပါတယ်... အခုခေတ်ကာလမှာ မွေးတဲ့ကလေးတွေ လူငယ်တွေကို အလုပ်တစ်ခုလောက်ခိုင်းကြည့်ရင် ဆိုင်ကယ်ဆိုတာမရှိပဲ ဘယ်မှ မသွားချင်တော့ဘူး... ခြေလျင်လျှောက်ပြီး သွားရမယ့်ခရီးလမ်းဆိုရင် ဝေးလာဝေးပါ... ဆိုလိုချင်တာကတော့ နည်းပညာတွေ မြင့်မားလာလေလေ ကျွန်တော်တို့လူသားအများစုက အပျင်းကြီးလာလေလေပါပဲ...

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
6 comments
avatar

ပူတာ စာဖွဲ့လို့
!LOL

0
0
0.000
avatar

အေးလေ ငရဲရောက်ရင် ဒီထက်ပိုပူမှာပဲကို 😂

0
0
0.000