လျှောက်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

စာရေးမယ်ဆိုပြီးတော့ ကွန်ပျူတာရှေ့ထိုင်လိုက်ပေမယ့် ဘာရေးရမယ်မှန်းမသိ ယောင်လည်လည်ဖြစ်နေတဲ့နေ့ပါပဲ... အဟုတ်ပါဗျာ... ကနေ့တော့ ဘာရေးရမယ်မှန်းမသိပဲနဲ့ဖြစ်နေတာပါ... ပြောရရင်တော့ အာရုံတွေစုစည်းလို့မရဖြစ်နေတယ်လို့ဆိုရမှာပဲ... ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ပါပဲ...



တိုက်တွန်းတာတွေ နှိုးဆော်တာတွေ စိတ်ဓာတ်ရေးရာတွေ အတွေးအခေါ်တွေ ပြောရတာလည်း ကြာတော့ပျင်းလာပြီ... စာဖတ်သူအနည်းငယ်သာရှိတဲ့ ကျွန်တော်တို့တစ်တွေက လမ်းမပျောက်ဖို့ အတော်‌လေးတော့ကြိုးစားနေကြတာပဲမဟုတ်လား... လမ်းပြသူတွေက လမ်းပြပေးခဲ့ကြပါပြီ... ပြထားတဲ့လမ်းကို လျှောက်လှမ်းကြတဲ့သူတေအတော်လည်း များခဲ့ပါတယ်... ဒါပေမယ့် ခရီးဆုံးအောင်တော့ ဘယ်နှစ်ယောက်လောက်လျှောက်ကြလိမ့်မလဲမသိပါ...

လမ်းပြပေးသူကို ကျေးဇူးတင်သူတွေလည်းရှိသလို လမ်းပြသူကို ကျေးဇူးမတင်သူတွေလည်း ရှိကြပေလိမ့်မည်... ကျေးဇူးတင်သူများထဲတွင်တော့ ကျွန်တော်လည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်... ပြသူမရှိပဲနဲ့ ဒီလမ်းမပေါ်ကို ကျွန်တော်ရောက်လာစရာအကြောင်းမှမရှိခဲ့တာပဲ... ဒီလမ်းပေါ်မှာ ခရီးပေါက်အောင်လျှောက်နိုင်ဖို့က လမ်းပြသူနဲ့မှ မဆိုင်တော့ပဲ... လျှောက်သူရဲ့ ကိုယ်ပိုင်ရွှေးချယ်မှုသာဖြစ်ပါတော့တယ်...

ဒီလမ်းပေါ်ကို လျှောက်ခြင်း မလျှောက်ခြင်း ပန်းတိုင်ရောက်ခြင်း မရောက်ခြင်းက လမ်းပြသူရဲ့တာဝန်မဟုတ်ပဲ လမ်းလျှောက်သူရဲ့တာဝန်သာဖြစ်ပါတယ်... လမ်းပြသူက ကျေးဇူးတင်ခံချင်လွန်းလို့တော့ ဟုတ်မယ်မထင်ပါ... သူသိသလို သူရသလို အခြားသူသော မြန်မာလူမျိုးတွေ ကောင်းကျိုးခံစားစေချင်လို့ ဒီလမ်းကို ပြခဲ့တာပဲဖြစ်ပါတယ်...

ပြောင်းလဲခြင်း အချိုးအကွေ့တွေကိုလည်း ကြိုတင်သတိပေးလို့ လမ်းမမှားရအောင်လည်း ညွှန်ပြပေးနေခဲ့ပါတယ်... ကျွန်တော်ကတော့ လျှောက်လိုက် နားလိုက် အိပ်လိုက် ပြန်လျှောက်လိုက်နဲ့ ခုချိန်ထိတိုင်အောင် အားမလျော့ အားမပျော့သေးပဲ လျှောက်နေဆဲပါပဲ... မောရင်နား ပြီးရင်‌ပြန်ပြီးလျှောက်ပေါ့... နားလိုက် လျှောက်လိုက်လုပ်ရတာပေါ့...

ခက်သည်က လမ်းပြသူမဟုတ်ပဲ အဲဒီလမ်းကို လျှောက်ကြတဲ့သူတွေပဲဖြစ်ပါတယ်... လမ်းပြသူက မညူးမညူ လမ်းညွှန်ပြနေပေမယ့် လမ်းလျှောက်သူ ရွှေမြန်မာတွေကတော့ လမ်းဘေးရပ်ကျန်ခဲ့တဲ့သူတွေ အများအပြားပါပဲ... နားပြီးတော့ ပြန်မလျှောက်ကြ‌တဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ...

အဲ- ဘာတွေရေးနေမှန်းမသိဘူးလို့တွေးနေပြီလား... အစမှာရေးခဲ့သလို ရေးစရာ စဉ်းစားလို့မရဖြစ်နေလို့ Steem Platform ကနေ Hive Platform ရောက်ပြီး ခုချိန်ထိ Hive လမ်းပေါ်မှာ လျှောက်နေတဲ့အကြောင်းကို ပြောတာပါဗျာ... လျှောက်ချင်သူလျှောက်နေကြသလို ပျောက်ချင်သူတွေလည်း ပျောက်ကုန်ကြပါပြီ... ကျွန်တော်ကတော့ ကိုလေးဖြူဆိုထားသလို ခရီးဆုံးထိလျှောက် ပေါ့လေ...


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
8 comments
avatar

ခရီးများ အဆုံးထိ​လျှောက်😁

0
0
0.000