လူတိုင်းမှာ ရှိတယ်

avatar

အားလုံးသောမိတ်ဆွေများ မင်္ဂလာပါ...

လူ့လောကကြီးထဲမှာ ရှင်သန်နေထိုင်လာရတာ နှစ်အတော်ကြာခဲ့ပြီဖြစ်လို့ လူတို့ရဲ့သဘောကို အနည်းငယ်လောက်တော့ သိနေပြီလို့ ထင်တာပဲ... လူတွေရဲ့သဘောကို သိဖို့ဆိုတာက လွယ်ကူတာမှမဟုတ်ပေပဲ... လူတို့ရဲ့သဘော စောကြောနိုင်ဖို့မလွယ်လို့လည်း ဆိုထားကြသေးတယ်ဟုတ်ပါလား... လူ့အကြောင်းကို သိလာတယ်ဆိုတာထက် လူသားတို့ရဲ့ အတ္တ လူသားတို့ရဲ့ လောဘ လ်ူသားတို့ရဲ့ ဒေါသ လူသားတို့ရဲ့ မာနဆိုတာတွေကို မြူမှုန်‌လေးလောက် သဘောပေါက်သလိုလို ရှိလာတယ်လို့ပဲပြောရမယ်ထင်တယ်...


atta.png


လူတို့ရဲ အတ္တ လောဘ ‌ဒေါသ မာန ဆိုတာတွေကို တကယ်သဘောပေါက်နားလည်လာတာမဟုတ်နိုင်သော်ငြားလည်း ကိုယ့်မှာလည်းရှိတဲ့ အတ္တ လောဘ မာန ဆိုတာတွေကိုကြည့်ပြီး နားလည်သလိုလို သဘောပေါက်သလိုလို ဖြစ်လာတာပါပဲ... လောကကြီးရဲ့ ပြောင်းလဲမှုတွေကိုလည်း လက်ခံလာနိုင်ခဲ့သလို လူတို့ရဲ့ အတ္တ လောဘ ဒေါသ မာနတွေကိုလည်း နားလည်ပေးလာနိုင်သလိုလိုတော့ ရှိခဲ့ပေပြီ...

အထူးအားဖြင့်ဆိုရမယ်ဆိုရင် ပြောင်းလဲနေတတ်ကြတဲ့သဘော ပြောင်းလဲတတ်တဲ့သဘောကို လက်ခံလာနိုင်သလို တော်ရုံတန်ရုံကိစ္စလောက်နဲ့တော့ လူတွေကို အပြစ်မတင် အပြစ်မမြင်တော့ပါဘူး... ကိုယ့်မှာလည်း အတ္တ လောဘ မာနတွေရှိသလို သူတို့လည်း အတ္တ လောဘ မာနဆိုတာတွေ ပိုင်ဆိုင်ထားကြပေသကိုး... ကိုယ့်အတ္တ နဲ့ သူ့အတ္တ ထိပ်တိုက်တွေ့တဲ့အခါတွေတိုင်းမှာ ပြဿနာဆိုတာကြီးက ဖြစ်ပေါ်လာတော့တာပဲလေ... ဘယ်သူ့အတ္တကို လျော့ရမလဲ... အရင်ကတော့ ကိုယ့်အတ္တကို မလျော့ခဲ့ပေမယ့် ယနေ့အချိန်ကာလမှာတော့ ကိုယ့်အတ္တကို အတတ်နိုင်ဆုံးလျော့ချနိုင်ပြီလို့တော့ ထင်တာပဲ...

အတ္တ လောဘ ‌ဒေါသ မာန တွေကို ထိုက်သင့်သလောက် လျော့ချနိုင်တဲ့အခါ ဘာတွေဖြစ်ကုန်သလဲဆိုရင်တော့ စိတ်ကလေးကတော့ အတော်အတန် ငြိမ်းချမ်းမှုရလာတဲ့အတွက် ပူလောင်မှုတွေနည်းပါးသွားသလိုပဲ... စိတ်ဖိစီးမှုတွေ လျော့ကျသွားသလိုပဲ... အိပ်ပျက်တဲ့ညတွေလည်း မရှိတော့သလောက်ပါပဲ... စိတ်ရော ကိုယ်ပါ ကြည်လင်အေးချမ်း ဘေးလည်းမသမ်းတော့သလိုပါပဲ... နှစ်ခြိုက်စွာ အိပ်မောကျခြင်းက ကျန်းမာရေးကိုလည်း ကောင်းစွာအထောက်အကူပြုတတ်လေတော့ ကျန်းမာရေးချို့ယွင်းမှုဆိုတာလည်း နည်းပါးသွားခဲ့သလိုပဲ...

သည်းခံ ခွင့်လွှတ်တတ်တဲ့သူတွေအတွက် အိပ်မရလို့ အိပ်ဆေးသောက်ပြီး အိပ်ရတဲ့အဖြစ် ရှိမယ်မထင်ဘူး... အဲဒီလိုများလူတွေကို သည်းခံခွင့်လွှတ် နားလည်ပေးနိုင်ပြီဆိုရင်တောင်မှ ကိုယ့်ကို မလိုမုန်းထား မနာလိုသူတွေကတော့ ရှိနေအုံးမှာပါပဲ... ကိုယ့်ရှေ့မှာတော့ အပြုံးမျက်နှာ ကျောပေးလိုက်တဲ့အခါမှာတော့ မဲ့မဲ့ရွဲ့ရွဲ့မျက်နှာ ဖြစ်နေတဲ့သူတွေ အများကြီးရှိနေအုံးမှာပါပဲ... ဒါပေမယ့် ကိုယ်ကတော့ မလိုမုန်းထား မနာလိုတဲ့သူဆိုတာ မရှိတော့သလို မဲ့ရွဲ့တဲ့မျက်နှာထားမရှိပဲ အမြဲတမ်း အပြုံးမျက်နှာ ဖြစ်နေတော့မှာပေါ့...

ကြီးကြီးကျယ်ကျယ်လျောက်ရေးတင်နေလို့ အထင်မကြီးနဲ့နော်... ခုချိန်ထိအောင် ကိုယ့်အတ္တကို ရှေ့တန်းမတင်မိဖို့ ကိုယ့်လောဘ ကိုယ့်ဒေါသ ကိုယ့်မာနတွေကို ရှေ့တန်းမတင်မိဖို့ အသည်းအသန်ကြိုးစားနေတုံးပဲ... ကိုယ့်အတ္တ နဲ့ သူ့အတ္တ ထိပ်တိုက်မဆုံတွေ့စေဖို့ ကြိုးစားနေရတုံးပဲ... ငယ်စဉ်တုံးကလို ရန်သူမရှာတော့ပဲ မိတ်ဆွေကိုပဲ ရှာဖွေနိုင်အောင် ကြိုးစားလာမိတယ်... ရန်သူမရှာတော့တဲ့အတွက် ရန်မများသလောက်ပဲ... မိတ်ဆွေအသစ် အသစ်တွေတိုးလာရတယ်... မဆိုးဘူးပေါ့နော်....

ကိုယ့်အတ္တကို ရှေ့တန်းတင်မိတဲ့အခါ ဘယ်သူ့မျက်နှာကိုမှ မကြည့်တတ်ကြတော့ဘူး... မိဘ ဆွေမျိုး လာမပြောနဲ့တော့... ကိုယ့်အတ္တကို ရှေ့တန်းတင်တဲ့အခါ သူ့မှာလည်းကိုယ်ပိုင်ရှိတဲ့ အတ္တနဲ့ ထိပ်တိုက်တွေ့လေတော့ ပြဿနာဆိုတာကြီး ဖြစ်လာကရော... ပြဿနာဖြစ်ပြီဆိုရင် နောက်တွဲလေးတွေပါ အဆစ်ပါလာပြန်ရော... အကျိုးမဲ့ အချည်းနှီး လူ့ဘဝကြီးက ပိုပြီးအကျိုးမဲ့သွားပါရောလားဗျာ...

လူတိုင်း လူတိုင်းမှာ ကိုယ့်မှာရှိတဲ့ အတ္တ မာန လောဘ မောဟ ဒေါသ‌ဆိုတာတွေကို သူတို့လည်း ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ မမေ့သင့်ဘူးပေါ့... ငါ့မှာ အတ္တ ရှိသလို သူ့မှာလည်း အတ္တရှိတာပဲ... လူဆိုတာကလည်း ကိုယ့်အကျိုးအတွက် အရင်ကြည့်တတ်ကြတာသဘာဝဆိုပေမယ့်လည်း အမြဲတမ်း သူ့အကျိုးကိုပဲကြည့်နေသူဆိုရင်တော့ ပြဿနာကိုဖန်တီးမိမှာပဲ... ရေးချင်ရာတော့ ပို့စ်တစ်ခု‌ဖြစ်အောင် ရေးချလိုက်ပါပြီ... သည်းခံဖတ်လို့ ကျေးဇူးပါဗျာ...

အားလုံးကိုလေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
7 comments
avatar

အတ္တဟိတ ပရဟိတ မျှတစွာ နေနိုင် ပြောနိုင် လုပ်နိုင်သူ ဖြစ်ပါစေ၊ ဖြစ်ရပါစေ။
!PIZZA

0
0
0.000
avatar

ဖြစ်ပါစေဗျာ ဖြစ်ပါစေ

0
0
0.000
avatar

အတ္တ ကိုယ်စီ ရှိကြသည် ဆိုသော်လည်း
ထိန်းချုပ်ဖို့ ကြိုးစားကြရပေမည်။
!LOLZ

0
0
0.000
avatar

My Mom met my Dad when he came in for an Xray.
I still wonder what she saw in him.

@ansoe, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

0
0
0.000
avatar

ထိန်းချုပ်နိုင်စွမ်းရှိရင် ကောင်းတာပလေ

0
0
0.000