လေးစားမှုရှိပြီလား

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကနေ့တော့ ဘဝတက်လမ်း‌ကို မဖြစ်မနေ လျောက်လှမ်းချင်ကြတဲ့ လူငယ်လူရွယ်တွေအတွက် ဖတ်ဖူး မှတ်ဖူး ကြားနာဖူးခဲ့သမျှထဲကနေ မှတ်မိသလောက် စာစီရေးသားလိုက်ပါတယ်... အခုလို အ‌ခြေအနေ အချိန်အခါမှာ ဒီလိုစာမျိုးတွေကို ရေးသားလို့လည်း စိတ်ဝင်စားတာနည်းမယ်ဆိုတာကို သိပေသော်ငြားလည်း ခေါင်းထဲလာရာ ကုန်ကြမ်းကို အစဆွဲထုတ် ပို့စ်တစ်ခုလုပ်နေရလေတော့ ရှိတဲ့ကုန်ကြမ်းနဲ့ဘဲ အချောသတ်လို့ ရေးလိုက်ရခြင်းသာ ဖြစ်ပါတယ်... လှေကွဲကြီးနဲ့တူနေပြီဖြစ်သော ကျွန်ုပ်တို့ရဲ့ တိုင်းပြည်ကြီးဟာလည်း ရေပက်ထုတ်မည့်သူ လှေလှော်မည့်သူ ပဲ့ကိုင်မည့်သူ မရှိတော့ကာ လှေကွဲကြီးကား မြုတ်လုနီးနီးဖြစ်နေတော့ကာ ဘယ်သူများ စိတ်ချမ်းသာပျော်ရွှင်နိုင်ပါအံ့နည်း... သို့ပေမယ့် ခုမဖတ်လည်း နောက်တော့ ဖတ်နိုင်မယ်လို့တော့ ထင်ပါတယ်...


self_esteem.png


မိမိကိုယ်ကို လေးစားဖို့ ဆိုတာကို အများစုကတော့ စဉ်းစားမိကြလိမ့်မယ်မထင်ပါဘူး... လေးစားပြီးသား သို့မဟုတ် လေးစားဖို့မလိုဘူးလို့ စဉ်းစားနေမယ်ထင်ပါတယ်... သေသေချာချာစဉ်းစားကြည့်ပါမိတ်ဆွေ... သင်ကိုယ်တိုင် သင့်ကိုယ်သင် လေးစားနိုင်ပါရဲ့လားဆိုတာကို အချိန်နည်းနည်းလောက်ပေးပြီးတော့ စဉ်းစားကြည့်စေချင်ပါတယ်... ယနေ့အချိန်ထိတော့ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုမရှိနိုင်သေးတာကို တွေ့ရပါတယ်... မှားယွင်းတဲ့လုပ်ရပ်တွေ ပြစ်ချက်တွေကို အများတကာ မသိပေမယ့် ကိုယ်တိုင်က သိနေတဲ့အတွက်လည်း ခုလို မလေးစားနိုင်တာပဲဖြစ်ပါတယ်... ကျွန်တော်တို့အနေနဲ့ **ဟိုလူကတော့ ဒီလူကတော့ လေးစားဖို့ကောင်းတယ်လို့ **ပြောတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျတော့ လေးစားဖို့ကို မေ့လျော့နေတတ်ပါတယ်...

မိမိတို့လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ ကျွမ်းကျွမ်းကျင်ကျင်ရှိကြတယ်... ယုံကြည်ချက်အပြည့်ရှိတယ်... လေးစားမှုမှာတော့ လျော့နည်း ဒါမှမဟုတ် ပျောက်ဆုံးနေတတ်ပါတယ်... ယနေ့ခေတ်ကာလမှာကလည်း မိမိကိုယ်ကို ယုံကြည်မှု(Self-confidence) နဲ့ မိမိကိုယ်ကို လေးစားမှု(Self-esteem) ဆိုတဲ့စကားကို လုပ်ငန်းနယ်ပယ်အသီးသီးမှာ ကြားနေရတယ်မဟုတ်လား... ကျွမ်းကျင်တဲ့အလုပ်ကို လုပ်ရတဲ့အတွက် မိမိကိုယ်ကိုယ် ယုံကြည်မှု(Self-confidence)ကတော့ ရှိတတ်ကြပါတယ်... မိမိကိုယ်ကိုယ် လေးစားမှု(Self-esteem)ကတော့ ရှိသူနည်းပါးပါလိမ့်မယ်...

မိမိကိုယ်ကို မိမိလေးစားမှု(Self-esteem)ရှိဖို့ဆိုတာက ပိုက်ဆံပေါတိုင်းလည်း မဖြစ်နိုင်သလို ပညာတွေအများကြီးတတ်တိုင်းလည်း မရနိုင်ပါဘူး... ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ဖို့ဆိုတာကလည်း အတော့်ကိုမလွယ်ကူပါ... ကိုယ့်ရဲ့ ကိုယ်ကျင့်သီလက အများတကာမသိနိုင်ပေမယ့် ကိုယ်တိုင်သိကနေတော့ မိမိကိုယ်ကို လေးစားဖို့ဆိုတာ အတော်လေးကို စဉ်းစားရကြပ်သွားပါလိမ့်မယ်... ကိုယ်ကျင့်သီလဖြူစင်နေတဲ့သူတွေဆို‌ရင်တော့ မိမိကိုယ်ကို လေးစားဖို့ လွယ်ကူလိမ့်မယ်ထင်တယ်... ဒါတောင်မှ လေးစားမှုလျော့နည်းနေတတ်သေးတယ်...

မိမိကိုယ်ကို ယုံကြည်မှု(Self-confidence)ဆိုတာက လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနဲ့သက်ဆိုင်နေပါတယ်... မိမိကိုယ်ကိုယ် လေးစားမှု(Self-esteem)ကတော့ ကျွမ်းကျင်မှုနဲ့သက်ဆိုင်ခြင်းမရှိတော့ပဲ မိမိရဲ့တန်ဖိုးကို ကိုယ်တိုင်သတ်မှတ်ပြီး တန်ဖိုးစံနှုံးအတိုင်း မှန်မှန်ကန်ကန် နေထိုင်တာနဲ့ သက်ဆိုင်မယ်လို့ထင်ပါတယ်... မိမိကိုယ်ကို လေးစားမှု(Self-esteem)ရှိချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က မလိမ်မညာ မညှာမတာ မိမိကိုယ်ကို ဝေဖန်ပြီး မှန်မှန်ကန်ကန်နေထိုင်ဖို့ ရိုးသားမှုတွေတော့ အနည်းဆုံးလိုအပ်မယ်လို့ ထင်ပါတယ်... ကိုယ့်ကိုယ်ကို လေးစားမှုရှိလာသူတစ်ယောက်ဟာ အခြားသူတွေကိုလည်း လေးစားတတ်လာပါတယ်... သူကိုယ်တိုင်ရဲ့ တန်ဖိုးအပြင် အခြားသူတွေရဲ့ တန်ဖိုးကိုလည်း နားလည်လာပါတယ်... မိမိကိုယ်ကို လေးစားနိုင်သူများ ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
11 comments
avatar

တတ်ကျမ်းတွေ မိုတီဗိတ်တွေ ဒီချိန် မဖတ်ချင်ဘူးဗျာ။
!LOL
မြန်မာပြည်က တတ်ကျမ်းမိုတီဗိတ်ကာတွေကိုတောင် ရွံချင်နေတာ

0
0
0.000
avatar

Apparently adding herbs to your garbage can makes it smell better.
But I don't have thyme for that rubbish.

@ansoe, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

ထိုး ခုတ် သတ် ဖြတ် လုယက်တာတွေ တင်ရမလား 😝

0
0
0.000
avatar

ဟုတ်ကဲ့ ဗဟုသုတအများကြီးရပါတယ်။ !LOL !LUV !PIZZA

0
0
0.000
avatar

ခုလို ကြားရတာ တင်ရကြိုးနပ်သဗျာ

0
0
0.000
avatar

မှတ်သားလောက်ပါပေတယ်။ စဉ်းစားစရာပါ။ ကျေးဇူးပါ။

0
0
0.000
avatar

ဘာဆိုဘာမှ မသိလို့ ပြောတော့ဘူး !LOL

0
0
0.000
avatar

What did the painter say to the wall?
One more crack like that and I'll plaster you!

@ansoe, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

0
0
0.000