ခြုံထဲက မျောက်ဥ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

စာရှည်ရှည်မရေးဖြစ်ခဲ့တာလည်း အတော်ကိုကြာခဲ့ပြီ... စာရှည်ရှည်‌ရေးဖို့ကလည်း အချိန်များများလိုအပ်တတ်တာကိုး... အချိန်များများမရတဲ့အတွက် စာရှည်ရှည်မရေနိုင်တာ မဆန်းပါဘူး... စာရှည်ရှည်ရေးဖို့အသာထားလို့ Post တစ်ခုတင်ဖို့အတွက်တောင် အချိန် အနည်းငယ်တော့ ယူကြရစမြဲမဟုတ်လား...


air_potato.png


ကဲ...ဒီနေ့တော့ စိတ်ကူးပေါက်မိတာက မျောက်ဥ ဆိုတာလေး‌ဗျ... စိတ်ကူးပေါက်သွားရတာကလည်း အိမ်က ခြုံပုတ်ဖြစ်နေတဲ့အထဲမှာ မျောက်ဥပင်ကနွယ်တက်ပြီး တန်းလန်း တန်းလန်းလေးတွေမြင်လိုက်ရလို့ မျောက်ဥအကြောင်း ရေးချင်လာတာပါပဲ... စားလို့တော့ကောင်းသဗျ... မစားဖူးသေးရင် စားကြည့်စေချင်ပါတယ်... ဈေးမှာရောင်းတာတော့ မတွေ့ဖူးသေးပါ... ရောင်းရင်လည်းမှာပေါ့နော်...

မျောက်ဥ ဆိုတာကလည်း နွယ်ပင်ဖြစ်ပြီးတော့ နွယ်ပင်မှာ တန်းလန်းလေးတွေ သီးနေကြတာကိုး... တကယ်ဆိုရင် မျောက်ဥလို့ မခေါ်ပဲ မျောက်သီးလို့ ခေါ်သင့်တယ်ထင်တာပဲ 🤗 ဥဆိုတာက‌ မြေကြီးထဲမှာ ဥတာဖြစ်လေတော့ ဥ လို့မခေါ်သင့်ပဲ အပေါ်မှာ တန်းလန်းလေးတွေသီးနေတာလေ... ထားလိုက်ကြပါစို့...

မျောက်ဥဆိုတာက နယ်နယ်ရရမှ မဟုတ်ပေပဲဗျာ... ဆေးအသုံးတည့်တဲ့ စားစရာတစ်မျိုးလည်းဖြစ်သတဲ့ဗျို့... Air Potato လို့ခေါ်တတ်ကြသလို Wild Yam လို့လည်းခေါ်ကြတာတွေ့ဖူးသဗျို့... ဒါပေမယ့် Wild Yam ဆိုတာက အခုကျွန်တော်ရေးတဲ့ မျောက်ဥတော့ဟုတ်ဟန်မတူဘူး...

အမျိုးသမီးတွေကျန်းမာရေးကို အထောက်အကူအတော်ပေးတယ်လို့ ဆေးပညာစာထဲမှာ ဖတ်လိုက်ရဖူးသဗျ... အဲဒါကြောင့်များ သီးမတပ်ပဲလို့ တပ်လိုက်လေသလားမသိ 😁 မဟော်မုန်းအစားထိုးပေးနိုင်တဲ့ သဘာဝအသီးအနှံတစ်မျိုးဖြစ်တယ်လို့လည်းဆိုပါတယ်... အသေးစိတ်ကိုတော့ ကျွမ်းကျင်ဆရာဝန်တွေကို မေးကြည့်မှ သိနိုင်မှာပဲ...


air_potato_1.png


မျောက်ဥကို မြေပွတဲ့နေရာမှာ အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်... အရွက်က ကွမ်းရွက်နဲ့ဆင်တူပါတယ်... ငယ်ငယ်က တော့ မျောက်ဥ ကိုခြုံတောတိုးရှာပြီး မီးဖုတ်စားရင်စား ပြုတ်စားရင်စားတတ်တယ်... ပိန်းဥလိုအရသာမျိုးလေးဖြစ်ပေမယ့် အသားကနုတော့ ကြာကြာ မီးဖုတ်လို့မရသလို ကြာကြာပြုတ်လို့လည်း အဆင်မပြေဘူး... ပြောရင်းနဲ့ မျောက်ဥ စားချင်စိတ်တောင်ပေါက်လာပြီ 😁

မည်သို့ပင်ဆိုစေကာမူပေါ့လေ... *မျောက်ဥဆိုတာကလည်း အမျိုးမျိုးရှိနေတယ်လို့ ယူဆပါတယ်... တစ်နေရာနဲ့ တစ်နေရာ အခေါ်အဝေါ်တူချင်မှ တူနိုင်မှာဖြစ်သလို ဆေးဘက်ဝင်ခြင်း မဝင်ခြင်းကိုလည်း ကျွန်တော့်အနေနဲ့ မဆုံးဖြတ်နိုင်ပါဘူး... ပိန်းဥလို အရသာလေးနဲ့ စားကောင်းတဲ့အတွက် ရေးလိုက်ခြင်းသာဖြစ်ပါတယ်... အားလုံးပဲ မျောက်ဥ အရသာ မြည်းစမ်းကြည့်နိုင်ကြပါစေ...

အားလုံးကိုလေးစားလျှက် -

@ansoe

hive_logo_ansoe_myanmar.png



0
0
0.000
12 comments
avatar

မြောက်သီးကြီးပါ
!PIZZA

0
0
0.000
avatar

ဥ ပါဆိုနာ 😁

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped ansoe (x1)
kachinhenry tipped ansoe (x1)
@nyinyiwin(3/10) tipped @ansoe (x1)
htwegyi tipped ansoe (x1)
tin.aung.soe tipped ansoe (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ပြုတ်စားပစ်လိုက်

!PIZZA

0
0
0.000
avatar

စားပလိုက်မယ် 🤗

0
0
0.000
avatar

မျောက်ဥ ကို ကျွန်တော်လည်း စားဖူးတယ်။ မြေကြီးကနေ တူးယူရတာရယ်။ ကျွန်တော်တို့ စားဖူးတဲ့ မျောက်ဥက မြေကြီးထဲမှာ ၃ / ၄ ပိသာ လောက်ရှိတယ်။ ပြီးတော့မှ ခွဲခြမ်းပြီး ပြုတ်စားကြတာ။ ခရမ်းရောင် သို့မဟုတ် နီညိုရောင် ရှိမယ်လို့ ထင်ပါတယ်။ မစားဖူးတာကြာလှပေါ့။ !PIZZA

0
0
0.000
avatar

ခုကျွန်တော်ရေးတဲ့မျောက်ဥကလည်း မြေကြီးထဲမှာလည်း ဥပေမယ့် နှစ်အတော်ကြာကြာစောင့်မှ ရတတ်တာဆာဟင် အများအားဖြင့်အလွယ်တကူ နွယ်မှာ သီးနေတဲ့ ဥ လေးတွေကိုပဲ ခူးစားကြတာ အာ့ကြောင့် မြေအောက်က ဥ ကိုမရတော့ဘူး... မျောက်ဥကလည်း အမျိုးမျိုးဖြစ်နေတော့ တူချင်မှလည်း တူမှာပါဆာဟင်ရေ

0
0
0.000
avatar

မျောက်ဥ စားကောင်းသဗျို့။
!PIZZA

0
0
0.000
avatar

ကြိုက်တယ် 🤗

0
0
0.000
avatar

ခုမြင်နေရတဲ့ မြောက်ဥသာ ပြုတ်စားလိုက်ရင်တော့----😃😃😁 !PIZZA

0
0
0.000
avatar

စားလိုက်ပါလေ ကွှီးရွှေရေ 😁

0
0
0.000