ဘဝတစ်ခုရဲ့ ဇာတ်ကြောင်း

avatar
(Edited)

အားလုံးသောမိတ်ဆွေများ မင်္ဂလာပါ...

လူအမျိုးမျိုး စိတ်အထွေထွေလို့ပြောတတ်ကြတယ်မဟုတ်လား... စိတ်စေတနာကောင်းလွန်းသူတွေ စိတ်စေတနာဆိုးရွားသူတွေ စိတ်စေတနာ အထိုက်အလျောက်ကောင်းသူတွေ စိတ်စေတနာ အထိုက်အလျောက်ဆိုးရွားနေသူတွေ စသဖြင့်တော့ တွေ့ဖူးကြမှာပါ... တစ်ချို့က သူတစ်ပါးကို ပျက်စီးစေလိုတဲ့ စိတ်စေတနာ ရှိသလို တစ်ချို့က သူတစ်ပါးကို ကောင်းစားစေလိုတဲ့ စိတ်စေတနာ ရှိတတ်ကြတာ တွေ့နိုင်ပါတယ်...

မကောင်းတဲ့အလုပ်ကိုပဲ လုပ်လုပ် ကောင်းတဲ့အလုပ်ကိုပဲလုပ်လုပ် စိတ်စေတနာကအရင်ဆုံးဖြစ်လာသတဲ့... အားစိုက်ထုတ်ကြရတာခြင်းကလည်း အတူတူပဲ... ကောင်းတဲ့အလုပ်ကိုလုပ်ရင်လည်း ထိုက်သင့်တဲ့အားစိုက်ထုတ်ရသလို မကောင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်လည်း ထိုက်သင့်တဲ့အားစိုက်ထုတ်မှုတော့လုပ်ကြရတာပဲမဟုတ်လား... အားစိုက်ထုတ်ရတာခြင်းအတူတူ မကောင်းတာကို လုပ်သင့်သလား? ကောင်းတာကို လုပ်သင့်သလား? ဆိုတာကတော့ ကိုယ်တိုင် စဉ်းစားကြရမှာပါ...


life.png


လူ့ဘဝဆိုတာ ခဏလေးပါလို့တော့ ပြောနေကြတာပဲ... အဲဒီခဏလေးမှာ ဘာမဟုတ်တာလေးတွေနဲ့ မာန်တွေတက် မာနတွေပြိုင်ရင်းနဲ့ သေဆုံးကြရမယ်ဆိုရင်တော့ လူဖြစ်ရတာမတန်ဘူး... မာန် မာနကြောင့် ကိုယ့်ရဲ့လူ့ဘဝသက်တမ်း ပိုတိုသွားတယ်... ကောင်းတာလုပ်ဖို့အချိန်မရတော့ပဲ မကောင်းတဲ့စိတ်တွေနဲ့ပဲ ဘဝတစ်ခုကို ဖြတ်သန်းနေကြရသလိုထင်မိတယ်... ဒီနေရာမှာ ကြားဖူး သိဖူး ဖတ်မိဖူးတဲ့ စာတွေထဲက အုန်းဆံကြိုးရဲ့ ဘဝဇာတ်ကြောင်း ဆိုတာလေးကို အတိအကျတော့ မမှတ်မိတော့ သိသလောက်လေး‌တော့ မျှဝေချင်တယ်...

ဟိုးတစ်ချိန်တုံးက ကွမ်းယာဆိုင်တွေမှာ မီးရှို့ထားတဲ့ အုန်းဆံကြိုးတွေကို မြင်ဖူးကြတဲ့သူတွေ ရှိလိမ့်မယ်ထင်ပါတယ်... အဲဒီအုန်းဆံကြိုးဟာ မာနတွေတက် မာန်တွေထောင်လွှားနေပါသတဲ့... ဘယ်လိုများ မာန်တွေတက် မာနတွေထောင်လွှားနေသလဲဆိုရင် "ဘယ်လို ဆေးလိပ်အမျိုးအစားကိုမဆို သူက ပြာကျအောင် လောင်ကျွမ်းပစ်နိုင်တယ်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ ဆေးလိပ်ပဲဖြစ်ဖြစ်၊ ဆေးပြင်းလိပ်ပဲဖြစ်ဖြစ်၊ ဆေးပေါ့လိပ်ပဲဖြစ်ဖြစ် သူ့ကို မလေးမစား ဂရုမစိုက်ပဲပစ်ထားမယ်ဆိုရင် အားလုံးကို လောင်ကျွမ်းပစ်နိုင်တယ် ဆိုပြီး မာန် မာနတွေ ထောင်လွှားနေတာပေါ့... ဒါပေမယ့် အုန်းဆံကြိုးဟာ သူတစ်ပါးကို လောင်ကျွမ်းပစ်ဖို့ သူကိုယ်တိုင် အချိန်ပြည့် လောင်ကျွမ်းနေရပြီး နောက်ဆုံး ပြာအဖြစ်‌ရောက်သွားတာကို သတိမထားမိတာပါပဲ... မာန် မာနတက်ရင်း ပြာဖြစ်သွားတဲ့ အုန်းဆံကြိုးဘဝတော့ မဖြစ်စေလိုပါ...

လူ့ဘဝမှာ မာန် မာနတက်နေသူတွေ အခါများစွာ ကြုံကြိုက်ဖူးကြမှာပါ... အဲဒီလို မာန် မာနတွေတက်နေသူတွေကို မြင်တိုင်းလည်း လောင်ကျွမ်းနေတဲ့ အုန်းဆံကြိုးကို မြင်ယောင်နေမိပါတယ်... တိုတောင်းလွန်းတဲ့ လူ့ဘဝမှာ ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေပြီး ပတ်ဝန်းကျင်ကိုလည်း လောင်ကျွမ်းစေတတ်တဲ့လူတွေ အများအပြား မဖြစ်ပေါ်လာပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်... တလွဲမာန် မာနတွေနဲ့ ဘဝခဏတာကို မကုန်ဆုံးကြပါစေနဲ့လို့ ဆုတောင်းရင်းဖြင့်သာ-

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
17 comments
avatar

မာန် မလုပ်ချင်ပါဘူးဗျာ

!LOL

!PIZZA

0
0
0.000
avatar

မလုပ်ချင်ရင် မလုပ်ပါနဲ့

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped ansoe (x1)
@kachinhenry(9/16) tipped @ansoe (x1)
htwegyi tipped ansoe (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ချိုးနှိမ်တဲ့ကြားက တခါတခါ မာန်က ထထ လာတယ်။
သတိနဲ့ ပြန်ဆင်ခြင်နေရတယ်။

0
0
0.000
avatar

မာန် ထလာရင် ဒုတ်နဲ့ နာနာသာဆော် 😂

0
0
0.000
avatar

မာနက လူအတွက် အဆိပ်တခုလိုပ
!PIZZA

0
0
0.000
avatar

သံသရာအဆိပ်ပဲဗျို့

0
0
0.000
avatar

ဟုတ်ပါ့ မာန်မာနကြောင့် ကိုယ့်ဒုက္ခကိုရှာသူတွေ အများသား။

0
0
0.000
avatar

လူတိုင်းလိုလိုပါပဲ😁

0
0
0.000
avatar

လူ့ဘဝဆိုတာ တိုတိုလေးပါ ဒါကိုမသိကြတော့ မာန်တက်နေကြတာလေ။ !LOLZ

0
0
0.000
avatar

I needed to buy a new pan to stir fry a large meal
I decided to go for a wok.

@ansoe, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar

မာန်ထောင် ရန်စောင်လုပ်နေသမျှတော့ ငြိမ်းငြိမ်းချမ်းချမ်းမဖြစ်ပဲ အုန်းဆံကြိုးလိုလောင်နေမှာပဲကွှီးရွှေရေ

0
0
0.000
avatar

ဦးစိုးရေးပြမှပဲ ကွမ်းယာဆိုင်တွေမှာ အုန်းဆံကြိုး ချိတ်ထားတာ ပြန်သတိရလာပြီ။ gas မီးချစ်တွေ ဈေးကြီး ချိန်ပေါ့။ !PIZZA. !LOL.

0
0
0.000