အူတူတူ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ဒီကနေ့ စိတ်မကြည်တာကြောင့် အာရုံပျက်ပြားနေတော့ ပို့စ်မတင်တော့ဘူးလို့ စိတ်ကူးမိပေမယ့် မတင်မနေနိုင်တာကြောင့် ပို့စ်တစ်ခုဖြစ်အောင်တော့ရေးတင်လိုက်ပါတယ်... ကဘောက်တိ ကဘောက်ချာ တောင်ရောက် မြောက်ရောက် ဖြစ်နေနိုင်တဲ့အတွက် ကြိုတင်တောင်းပန်ထားပါတယ်နော်...
ရှောင်လွဲလို့မရတဲ့ကိစ္စတွေက လူ့ဘဝမှာအများသားကလား... တခါတခါမှာ အဲဒီရှောင်လွဲလို့မရတဲ့ ကိစ္စတွေကြောင့် စိတ်ညစ်စရာ စိတ်ရှုတ်စရာတွေဖြစ်လာတတ်တယ်... အခုလောလောလတ်လတ်အချိန်မှာ လူတိုင်းအတွက် စိတ်အရှုတ်ရဆုံးက ဓာတ်ဆီပြဿနာများဖြစ်နေမလားပဲ... ကွင်းဆက်ဆိုတာကလည်း နောက်ကပါလာစမြဲဆိုတော့ကာ ကုန်ဈေးနှုန်းဆိုတာကြီးကလည်း ပြဿနာဖြစ်လာတော့မှာ ဧကန်မလွဲပဲ...
စီးပွားရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့သူတစ်ယောက်တော့မဟုတ်ပေမယ့် အတွေ့အကြုံလေးတစ်ခုတော့ မျှဝေချင်ပါသေးတယ်... ဟိုးလွန်ခဲ့တဲ့နှစ်တွေတုံးက ပုဂ္ဂလိကဘဏ်တွေ ပြဿနာတက်ပြီး ပိတ်သိမ်းခဲ့ကြရတဲအချိန်က မဖြစ်ညစ်ကျယ် ဆိုင်ကယ်အရောင်းအဝယ်လေး လုပ်နေတဲ့အချိန်ပေါ့... အမြဲတမ်း မမြတ်တဲ့ဆိုင်ကယ်မရှိခဲ့ဘူးတဲ့ကျွန်တော် ဘဏ်ပြဿနာတက်တဲ့အချိန်မှာ အစုတ်ဆုံးဆိုင်ကယ်လေး လက်ထဲကျန်နေခဲ့လေရဲ့...
ဘဏ်တွေက ပြဿနာတက်တော့ ဆိုင်ကယ်တွေ ဝယ်မယ့်သူမရှိတော့ပဲ ဈေးနှုန်းက ထက်ဝက်မက ကျဆင်းသွားတဲ့အချိန်ကျမှ လက်ထဲရှိသမျှငွေကလေးနဲ့ဝယ်ထားတဲ့ဆိုင်ကယ်ကလည်း အစုတ်ပဲရှိတော့တယ်... ဈေးလေးများပြန်တက်လာမလားရယ်လို့ ဆိုင်ကယ်အစုတ်ကလေး မရောင်းရက်ပဲ ဆုပ်ကိုင်ထားမိတယ်... အရင်းနီးပါးလေး ပြန်ရရင် တော်ပြီဆိုတဲ့ နုံချာချာအတွေးနဲ့ပေါ့...
မန္တလေးက အသိတစ်ယောက်က ကိုယ့်ထက်ကောင်းတဲ့ဆိုင်ကယ်(၃)စီးလောက် ပိုက်မိနေရှာတော့ သနားမိတယ်... အဲဒီအသိမိတ်ဆွေကတော့ သိပ်ဖြုံပုံမပေါ်ပဲနဲ့ စီးပွားရေးနည်းလမ်းလို့ပြောရမလား... စီးပွားရေးအတွေးအခေါ်လို့ပြောရမလားတော့မသိဘူး... တစ်ပတ်လောက်နေတော့ သူ့ဆိုင်ကယ်(၃)စီးကို ထက်ဝက်လောက်ရှုံးတဲ့ဈေးနဲ့ စရောင်းပါတော့တယ်... ကျွန်တော်လို အူတူတူ မိတ်ဆွေတွေကတော့ မရောင်းဖို့ ဈေးပြန်တက်မှရောင်းဖို့ အသည်းအသန် ဖျက်ကြသပေါ့ဗျာ...
သူကတော့ ဘာမှပြန်မပြောပဲ သူ့ဆိုင်ကယ်(၃)စီးကို ပေါက်ဈေးအတိုင်း ရောင်း၊ နောက်ထပ် ဆိုင်ကယ်ပေါက်ဈေးအတိုင်းပြန်ဝယ်... ရသလောက်အမြတ်နဲ့ချက်ချင်းပြန်ရောင်း အဲသလို တောက်လျောက်လုပ်နေတော့တာပဲ... အဲသလို လုပ်တိုင်းလည်း အူတူတူ လူတစ်စုကတော့ တားမြစ်နေဆဲပါပဲ... ဒါပေမယ့် အဲသလို အရောင်းအဝယ် တစ်ရက်မနား မြတ်သလောက်နဲ့ အရောင်းအဝယ်ဆက်လုပ်နေဆဲပါပဲ...
တစ်လလောက်ကြာတဲ့အခါ.... စီးပွားရေးရဲ့ လည်ပတ်ပုံကို နားမလည်ရှာတဲ့ အူတူတူကျွန်တော်ကတော့ ထက်ဝက်ရှုံးနေတဲ့ ဆိုင်ကယ်အစုတ်ကလေးကို တသသနဲ့ပဲ အချိန်ကုန်ရင်း ဆုံးရှုံးနေတဲ့ ထက်ဝက်ငွေကိုပြန်မရတဲ့အပြင် အစုတ်က အစုတ်ပဲဖြစ်နေဆဲပါပဲ... အဲဒီ ထက်ဝက်အရှုံးနဲ့ ရောင်းပြီး ကာလပေါက်ဈေးနဲ့ ဆက်တိုက် အရောင်းအဝယ်လုပ်ခဲ့တဲ့ မိတ်ဆွေကတော့ သူဆုံးရှုံးခဲ့တဲ့ ဆိုင်ကယ်(၃)စီးစာကို ပြန်လည်ပိုင်ဆိုင်သွားခဲ့ပါတယ်...
အဲဒီအချိန်ကြမှာ အစုတ်ကိုသာ နေ့စဉ်တသသ လုပ်ရင်းနဲ့ အရှုံးထက်ဝက် ဈေးပြန်တက်လာလေမလား စောင့်မျှော်ရင်း လည်ပင်းရှည်နေခဲ့ကြတဲ့ အူတူတူ ကျွန်တော်တို့ ခမြာ သူလုပ်တာမှန်တယ်ဆိုပြီးသကာလ ရသမျှနဲ့ရောင်းပြီး သူလိုထလုပ်ကြတော့တာပါပဲ... ကျွန်တော်ကတော့ စိတ်ကုန်ပြီးတော့ ဆိုင်ကယ်လည်းထပ်မဝယ်တော့ပဲ စက်ဘီးလေးတစ်စီးနဲ့ ဒိုးနေပါတော့တယ်...
ဒါက ပုံပြင်မဟုတ်ပါ... ကျွန်တော်တို့တစ်တွေ စီးပွားရေးနဲ့ပတ်သက်ရင် နားမလည်မှုကို ပြနေခဲ့တယ်လို့ပဲ ယနေ့ထိတိုင်အောင် ယုံကြည်နေခဲ့ပါတယ်... ယနေ့ဖြစ်နေတဲ့ စီးပွားရေး ပြဿနာများသည်လည်း စီးပွားရေးကို အမှန်တကယ်နားလည်သူများက ဖြေရှင်းနိုင်ကြမည်ဖြစ်ပြီး ကျွန်တော်ကဲ့သို့ အူတူတူလူများမှာတော့ အစုတ်ကလေးကိုင်ပြီး အရှုံးပြန်ရဖို့ မျှော်လင့်နေကြမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်...
အားလုံးကို လေးစားလျှက် -
စီးပွားရေးကလည်း မြင်တက်မှနော်
!LOLZ
!LUV
အမှန်ပါပဲ တခါတလေ စီးပွားရေးမှာ အမြတ်တစ်ခုတည်းပဲ ကြည့်လို့မရဘူး
ဘာကိုင်ထားရမှန်း မသိ ဖြစ်နေတာပါပဲ
!LOL
lolztoken.com
A duckumentary.
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @tin.aung.soe
LOLZ staking coming August 14! Please read our latest update for details on how it will impact you.
(1/10)
Crypto တွေပဲကိုင်ထားလိုက်ပေါ့လေ
Congratulations @ansoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP