အမှားမကင်းတဲ့လူသား

avatar

အားလုံးသော မိတ်ဆွေများ မင်္ဂလာပါ...

အမှားမကင်းတဲ့လူသား အမြဲတမ်းမှားနေတာ မဟုတ်ပေမယ့် မကြာမကြာတော့ အမှားသေးလေးတွေ မှားတတ်ကြစမြဲ... ဒါကြောင့်လည်း ဟိုးတစ်ချိန်တုံးကဆိုရင် ခဲတံမှာ ခဲဖျက်ဆိုတာ တစ်ခါတည်း ထည့်ပေးထားခဲ့တယ်... စာရေးရင်လည်း မှားတတ်သလို ပုံဆွဲရင်လည်း မှားတတ်ကြတာကိုး... ခုခေတ်ကာလမှာတော့ ခဲတံနဲ့ စာမရေးကြတော့ပဲ ဘောလ်ပင်နဲ့စာရေးတော့ မှားရင်ဖျက်ဖို့ ကော်ရက်ရှင်ဆိုတာ ပေါ်လာပြန်တာပဲမဟုတ်လား... ဒါက ဘာကိုညွှန်ပြနေသလဲဆိုတော့ လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်နိုင်အောင်ပေါ့...


pencil.png


လူတွေဆိုတာ အမှားမကင်းဘူးဆိုပေမယ့် တစ်ချို့အမှားတွေက ပြဿနာမရှိ ဒုက္ခမရောက်ကြပေမယ့်လို့ အချို့အမှားတွေကတော့ တစ်ဘဝလုံးစာသာမက နောင်သံသရာထိတိုင်အောင် ပြဿနာတွေတက် ဒုက္ခတွေရောက်ကြရတတ်ပါတယ်... မှားယွင်းချွတ်ချော်မှုလေးတွေကို ကလေးဘဝကစလို့ ဖြစ်တတ်ပေမယ့် မိဘတွေ ဆရာသမားတွေက ပြုပြင်ဆုံးမ ထိန်းကျောင်းပေးခဲ့လို့ အမှန်ရောက်တာတွေရှိကြရစမြဲ... ပြုပြင်ဆုံးမတာကို မခံချင်တဲ့ သားသမီး တပည့်များကတော့ ဘဝတစ်လျောက်လုံး အမှားသံသရာက မထွက်နိုင်ဖြစ်နေတတ်ပါတယ်... ကြားဖူးတာလေး အောက်မှာ ဖတ်ကြည့်ကြပါအုံး...


mix.png


လေတပ်စခန်းတစ်ခုမှာ လေထီးခုန်ရတော့မယ့် လေတပ်သားတစ်ယောက်က အထက်အရာရှိကို "ဆရာ...ဒီ လေထီးကို နောက်အသစ်တစ်ခုနဲ့ လဲလှယ်ချင်တယ်..ဒီလေထီးကို သိပ်စိတ်မချဘူး" လို့ပြောတော့ အထက်အရာရှိက ဘာပြန်ပြောလိုက်သလဲဆိုတော့"ခုန်ချကြည့်လိုက်ပေါ့ကွာ... မကောင်းတော့ နောက်လေထီးအသစ်တစ်ခုနဲ့ လဲပေါ့"တဲ့... လေထီးတပ်သားခမြာ ခုန်ချတဲ့အခါ လေထီး‌မကောင်းလို့မပွင့်ရင် ဘယ်လိုများ လေထီးအသစ်တစ်ခု လာလဲနိုင်ပါတော့မလဲ... သေပြီဆရာပေါ့... ရယ်စရာစာတစ်ခုဖြစ်ပါလိမ့်မယ်... လက်တွေ့ဘဝမှာတော့ ဒီလိုဆရာမျိုးတော့ မရှိလောက်ပါဘူး...

ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာ မဟုတ်တာကို အဟုတ်ဖြစ်အောင် ပြောတဲ့အတွက် ဘဝပျက်သွားကြရတဲ့သူတွေ ထိခိုက်နစ်နာသွားကြရတဲ့သူတွေ လောကကြီးထဲမှာ တကယ်ရှိနေမှာပါ... အမှားကို အမှားသိရက်နဲ့ လိမ်လည်ပြောဆိုမိလို့ တစ်ဖက်သားက အမှန်ထင်ပြီး ဒုက္ခရောက်ကြရသူတွေ ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါတယ်... သေချာကြည့်လိုက်ပါ... ဘဝပျက်သွားတဲ့သူကို ဒုက္ခရောက်သွားရသူကို ဆောရီး ငါမှားသွားပါတယ်လို့တောင်းပန်ပေမယ့် ပျက်သွားတဲ့ဘဝ ပြန်မကောင်းတော့ပါဘူး... ဒုက္ခရောက်ရသူလည်း ဒုက္ခပျောက်မသွားတော့ပါဘူး...

အထက်ကရေးခဲ့သလို လူဆိုတာ အမှားမကင်းဘူးဆိုပေမယ့် အကြောင်းမဲ့ မှားမှားယွင်းယွင်း မဖြစ်အောင်တော့ ကြိုးစားနေထိုင်သင့်ပါတယ်... ဘဝမှာ မှားမှာကို ကြောက်နေပြန်ရင်လည်း မဖြစ်ပြန်ဘူးဗျို့... အမှားကိုလက်ခံပြုပြင်မှ အမှန်နဲ့နီးစပ်မှာပါ... အမှားကိုကြောက်နေရင် ဘဝအောင်မြင်မှုဆိုတာလည်း ဖြစ်မလာနိုင်ပေဘူး... အမှားကို သင်ခန်းစာယူ မှန်အောင် ပြန်ကြိုးစားကြရမှာပါ... နှစ်တစ်နှစ်ကုန်ဆုံးခဲ့ပြီဖြစ်တော့ ဟောင်းသွားတဲ့ ပြက္ခဒိန်ကို အသစ်လဲလှယ်လိုက်ရုံနဲ့ ပြီးမသွားပဲ... ကုန်ဆုံးခဲ့တဲ့နှစ်မှာ ငါ ဘာအမှားတွေရှိခဲ့လေသလဲ? ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ရင်း ခေါင်းကိုသာ တဗြင်းဗြင်းနဲ့ ကုတ်‌လိုက်မိပါတော့တယ်ဗျာ...

အားလုံးကို လေးစားလျှက် -

@ansoe

ansoe_logo_leo.png



0
0
0.000
12 comments
avatar

မှားမှန်းသိသိနဲ့ ဆက်မှားနေမိတာတွေလည်း ရှိသေး

!LOL

0
0
0.000
avatar

ရှိမှာပဲလေ အတ္တရှိတာကိုး

0
0
0.000
avatar

ခဲတံရော ဘောပင်ရော မသုံးတော့ဘူး။
Smart ခေတ်ကြီးမှာပေါ့။
!LOL

0
0
0.000
avatar

ကိုယ့်အမှားကို လက်ခံနိုင်ရင်ပဲ အဲ့လူက တော်တော်လေးဟုတ်နေပီ။!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(13/16) tipped @ansoe (x1)
sheinthu tipped ansoe (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

လူသားဖြစ်လာမှတော့ အမှားမကင်းပါဘူးဆို :D

0
0
0.000
avatar

လူမှာ ခဲဖျက်ပါမလာတာဆိုးပါ့ကွှီးရွှေရာ 😝

0
0
0.000
avatar

အမှားတွေကတော့ အမှားပေါ် အမှားတွေ ထပ်နေသဗျို့. !PIZZA

0
0
0.000
avatar

မှားပြီးရင်းမှားတာ သေခါနီးအချိန်မှ သိကြမှာ ဆာဟင် 😊

0
0
0.000
avatar

မှားလဲမှားတတ်တယ် :D

0
0
0.000