အလုပ် အရှုပ်

avatar

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ...

အခုတစ်လော စာမရေးနိုင် Post မတင်နိုင်ဖြစ်နေတယ်... စာမရေး Post မတင်နိုင်ရတဲ့ အကြောင်းကလည်း ရှိနေတယ်... အရှုပ်တွေလုပ်ပြီး အလုပ်တွေရှုပ်နေ ခဲ့တာကိုး... အလုပ်တွေရှုပ်နေတာမဟုတ်ပဲနဲ့ အရှုပ်တွေလုပ်နေတယ်လို့ ပြောရမှာပဲဗျို့... ကျုပ်တို့တစ်တွေက ပိုက်ဆံရမှ ငွေဝင်မှ အလုပ်လို့သတ်မှတ်ကြတဲ့သူတွေကများမလားပဲ... **ပိုက်ဆံမရ ငွေမရ ရင်တော့ အလုပ်လို့မသတ်မှတ်ချင်ကြတဲ့သူကအများသားပဲ...


busy.png


ဒီတော့ကာ အလုပ်လို့ပြောလိုက်ရင် ငွေရမှ ပိုက်ဆံရမှဖြစ်လာရောပဲ... ပိုက်ဆံမဝင် ငွေမမြင်ရင်တော့ အိမ်သူသက်ထား ဇနီးမယားကတောင် အလုပ်ရယ်လို့ မသတ်မှတ်ဘူးလေ ☺ အပြင်ကနေအိမ်ပြန်လာရင် ငွေလေးရလာမှ အလုပ်တဲ့... ငွေမပါရင်တော့ အလုပ်လုပ်လာတယ်လို့မသတ်မှတ်ပဲနဲ့ အရှုပ်လုပ်လာတယ်လို့‌သတ်မှတ်ကြရောမဟုတ်လား?

အခုလည်း အရှုပ်တွေလုပ်နေရလေတော့ စာမရေး Post မတင်နိုင်ခဲ့တာ ရက်အနည်းငယ်တောင် ကြာခဲ့ပြီ... အိမ်မှာ ရှုပ်နေသမျှအမှိုက် နေ့စဉ်ရှင်းလင်း အဟောင်းပြုပြင် အသစ်လဲလှယ် လုပ်နေခဲ့တာကိုး... ဒီတော့ကား ငွေဝင်ဖို့ ကမ်းမမြင် လမ်းမမြင် ပဲပေါ့ ☺ မိတ်ဆွေတို့ရော အလုပ်တွေရှုပ်နေတာ မဟုတ်ပဲ အရှုပ်တွေလုပ်ခဲ့ကြဖူးသလားလို့...

အွန်လိုင်းလေးတောင် မတက်နိုင်တဲ့အဖြစ်ဆိုတော့ စာရေးဖို့ဆိုတာဝေးလာဝေးလို့ ကွန့်မန့်လေးတောင် ဝင်မရေးနိုင်ခဲ့ဘူးဗျို့... ခုလည်းအရှုပ်တွေပြီးပြီလားဆိုတော့ မပြီးသေး... စာရေးဖို့ကလည်း စိတ်ကူးပေါက်တော့ ရေးချင်တာရေး တင်လိုက်ရတာမို့ ခွင့်လွှတ်သည်းခံ နားသောတ အဲ ဖတ်ကြပါလို့ပဲ တောင်းပန်ရေးသားလိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_hive_logo.png



0
0
0.000
16 comments
avatar

အလုပ်တော့ ရှုပ်ရမှာပ။
!PIZZA

0
0
0.000
avatar

အရှုပ်တွေလုပ်နေရာတာပဗျာ

0
0
0.000
avatar

ပို့စ်လေးတွေမျှော်နေပါတယ်။

0
0
0.000
avatar

တင်ဖို့လည်းကြိုးစားနေပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်...

0
0
0.000
avatar

ရှုပ်နိုင်သူကြီး 😅

0
0
0.000
avatar

အရှုပ်ထဲမှာ ရှင်းအောင်နေလို့တော့ ဆရာတော်ကြီးတစ်ပါး မိန့်ဖူးသဗျို့

0
0
0.000
avatar

ကျွန်တော်များလဲ အရှုပ်တွေ လုပ်နေဆဲပါလို့--။ 😂😃

0
0
0.000
avatar

အရှုပ်ဆိုပေမယ့်လည်း အလုပ်ဆိုလည်း မငြင်းနိုင်တာကို မီးဖိုချောင်ထဲက အိမ်ရှင်မများက ပိုသိသဗျ

0
0
0.000
avatar

ဟုတ်တယ် အဲသလိုမျိုး ငွေမရပဲ အရှုပ်တွေလုပ်ရတဲ့အချိန်တွေ ရှိတာပေါ့

0
0
0.000
avatar

ငွေရမှ အလုပ်ဆိုရင်‌တော့ ပြဿနာတက်တာပေါ့‌ဗျာ

0
0
0.000
avatar

တို့ကတော့ အရှုပ်လုပ်ရလေ ကြိုက်လေပဲ :D !PIZZA

0
0
0.000
avatar

အာ့ကြောင့်လည်း မိန်းမက ကွှီးရွှေကို ထိပ်ခေါက်တာပေါ့လို့ ☺

0
0
0.000
avatar

အလုပ်တော့ ရှုပ်မှဖြစ်ဖြစ်မယ် ... မဟုတ်ရင် အရှုပ်တွေ ဖြစ်လာတတ်တာရယ်။ 😀😀 !PIZZA

0
0
0.000
avatar

အလုပ်ရှုပ်ချင်ပါသော်လည်း အရှုပ်နဲ့သာတွေ့နေသော ကံဇာတာညံ့နေသော ကာလဖြစ်နေတယ်လေ ☺

0
0
0.000