အော်_စိတ်ကူးတည့်ရာ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

စာရေးစရာမရှိ... စိတ်ကူးတည့်ရာ ရေးရလိမ့်မဗျို့... စိတ်ကူးတည့်ရာဆိုတဲ့အတိုင်း စာတွေက ဟို‌ရောက် ဒီရောက် ဖြစ်နေနိုင်တဲ့အတွက် သည်းခံဖတ်ကြပါဗျို့☺

ဆိုတော့ကာ လောကဇာတ်ခုံပေါ်မှာ ကျရာအခန်းကဏ္ဍကနေ ဘဝရေစီးကြောင်းမှာ မျှောပါနေခဲ့တယ်... အဲသလို မျှောပါနေရင်းနဲ့ လူ့ဘဝဆိုတာကြီးက တစ်ခါတစ်ခါကျတော့ မျောက်ထိုင် ထိုင်ပြီး မျောက်ငိုင်ငိုင်နေရတတ်သလို တစ်ခါတစ်ခါကျပြန်တော့ တဟေးဟေး တဝါးဝါး ‌ကြောင်စီစီနဲ့ပေါ့ဗျာ... မျောက်မီးခဲကိုင်မိသလို ပြာယာခတ်နေရတဲ့အချိန်တွေဆိုတာကလည်း မနည်း‌မနောပဲလေ...


monkey.png


ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နိုင်ငံခြား ပညာရေးပါရဂူဆရာကြီးတစ်ယောက်က သိပ္ပံပညာ နဲ့ ကမ္ဘာ့ကံကြမ္မာကို ဟောသလို ပြောခဲ့တယ်လို့ ဖတ်ဖူးလိုက်သဗျ... "သိပ္ပံပညာဆိုတာက လက်တစ်ဖက်မှာ အဏုမြူဗုံး၊ လက်တစ်ဖက်မှာ ပင်နီဆလင် ကိုင်ပြီးပေးနေတာပဲ... လူတွေရွေးတဲ့အတိုင်း ကမ္ဘာကြီးရဲ့ကံကြမ္မာ ဖန်လာမှာပဲ" ကနေ့မျက်မှောက်ခေတ်ကာလ လူအများစုကတော့ အဏုမြူဗုံးကိုင်ထားတဲ့လက်ကို ရွေး‌နေကြသလိုပဲ...

စိတ်ချက်လက်ချငြိမ်းချမ်းရေးဆိုတာ ကမ္ဘာမှာ မပေါ်သေးဘူးထင်တယ်... ကမ္ဘာ့သတင်းတွေကို ကြည့်မိလေတိုင်း(တတ်သလောက်မှတ်သလောက် ဘာသာပြန်ကြည့်တာပေါ့နော်)တကမ္ဘာလုံး ကျီးလန့်စာစားဆိုသလို တောင်ပြေးမြောက်ပြေးနဲ့ ... အင်း-စိတ်ချက်လက်ချ ငြိမ်းချမ်းရေးဘယ်တော့များမှလာလိမ့်မလဲလို့ လည်တဆန့်ဆန့်မျှော်နေကြရဆဲ...


world.png


ခေတ်ကာလ သားသမီးတွေ ခေတ်လူငယ်တွေ အတော်ခက်တယ်... ခုခေတ်ကာလသားသမီးများ အလိုက်မသိ၊ ဘုရားမသိ၊ တရားမသိ၊ လူကြီးမိဘမှန်းမသိတွေ ဖြစ်ကုန်ကြပြီ... ရိုင်းလိုက်ကြတာလွန်ပါရောလို့ ဆိုသူတွေဆိုနေကြတယ်... အဲဒီလိုပြောဆိုနေကြတာက လူကြီးတွေပဲဗျို့... ဒီလိုဆိုရင်ဖြင့် လူကြီးတွေကို မေးကြည့်ချင်ပါတယ်... လူငယ်တွေကောင်းအောင် လူကြီးတွေ ဘာများလုပ်ပေးခဲ့ပါသလဲလို့‌...

တစ်ခါတစ်လေ ပျင်းလို့ ဗီဒီယိုလေးကြည့်မိပါတယ်... သတ်လိုက်ကြတဲ့လူတွေ... တစ်ဉီးကို တစ်ဉီး လိမ်လည်လှည့်ဖျား ကောက်ကျစ် ညစ်ပတ်နေလိုက်ကြတာ... အော် လိမ်နည်းမျိုးစုံ သတ်နည်းအဖုံဖုံ ကောက်ကျစ်စရာအစုံစုံ စပယ်ရှယ် သင်တန်းပေးနေသလားအောက်မေ့မိတယ်... တစ်ခါက မန္တလေး မဟာမြတ်မုနိ‌အနောက်မုခ်မှာ ကားခဏရပ်နေတုံး ဂျာနယ်ရောင်းတဲ့ လူတစ်ယောက်အော်လိုက်တာ မျက်လုံးတောင်ပြူးမိသေး... ဘာတဲ့လူသတ်နည်းမျိုးစုံ ခိုးနည်းမျိုးစုံသိချင်ရင် ဒီဂျာနယ်ဝယ်ဖတ်ပါတဲ့...

ပြောခဲ့ပါပကော... စိတ်ကူးတည့်ရာပါဆိုနေ... ဆက်တော့ရေးအုံးမဗျို့... စိတ်ကူးကလည်း တည့်နေတုံးရေးမှ ရတယ်လေ☺... လူငယ်တွေ ဂိမ်းကစားတာကြည့်မိတော့ တဒုံးဒုံး တဒက်ဒက် တဒိုင်းနဲ့... ပါးစပ်ကလည်း အားရပါးရ လူတွေလန့်လောက်အောင် အဲ့ကောင်ခုတ်ဟ အဲ့ကောင်ပစ်ဟ အဲ့ကောင်သတ်ဟ ပါးစပ်အော်သေး... ဒါက ဂိမ်းထဲမှာပေါ့လေ... အင်း_အဏုမြူဗုံးကိုင်တဲ့လက်ကိုပဲ ရွေးနေကြသလိုပဲ... နောက်နောင်များကြုံခဲ့ရင် သတိတော့ထားပေါ့လေ... အဲ့ကောင်သတ်ဟဆိုတာ အပြင်ကမ္ဘာမှာ လက်တွေ့ ပရက်တီကယ်ဆင်းတာနဲ့တွေ့နေမလားပဲ...


games.png


လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ခေတ်ကိုရောက်နေသတဲ့... လူတိုင်းလူတိုင်းက ပါးစပ်လှုပ်နိုင်ဖို့ လက်များများလှုပ်နေကြရတာတော့အမှန်ပဲ... သားသမီးတွေ မိသားစုဝင်တွေ ပါးစပ်များများလှုပ်နိုင်ဖို့ ငွေရှာရသူမိဘတွေ လက်ကို မပြတ်လှုပ်နေကြရမှာ... ပတ်ဝန်းကျင်ကို လူကပြောင်းရမယ်လို့ထင်မိသေး... လူကမပြောင်းရင်တော့ ပတ်ဝန်းကျင်ဘယ်လောက်ပြောင်းပြောင်း ဒုံရင်း ဒုံရင်း...

လိမ္မာယဉ်ကျေး ကလေးလေးတွေ ဖြစ်စေချင်ရင် မိဘတွေကိုယ်တိုင် ဆုံးမ သွန်သင်နိုင်မှရမှာမဟုတ်လား... လက်ဉီးဆရာဆိုတာက မိဘတွေကို ညွှန်းကြတာပဲမဟုတ်ပါလား... သို့ပါသော်လည်း မိဘများကလည်း ပါးစပ်လှုပ်နိုင်ဖို့ လက်လှုပ်နေကြရလေတော့ အပြေးအလွှား ကျန်တာကလေးကလားဆိုပြီး ပစ်ထားလေတော့ ကျန်ရစ်သူကလေးတစ်စု မည်သို့ဖြစ်မည်လဲ... ပတ်ဝန်းကျင်က လူကိုပြောင်းလဲပစ်လို့ဖို့က ခပ်များများပဲ...

အဲ-စိတ်ကူးတည့်ရာ ရေးချင်ရာ ရေးလို့ မပြီးသော်ငြား မိတ်ဆွေအပေါင်း ကိုယ်ပိုင်အချိန်ကို ဖြုန်းတီးရာရောက်နေလို့ ရေးလက်စကို အဆုံးသတ် နိဂုံးချုပ်နိုင်ဖို့ တိုးတက်လွန်းတဲ့ ရုပ်ဝါဒအကြောင်း ဆက်မရေး နောင်အခွင့်ကြုံမှရေးတော့မည်ဖြစ်ပါကြောင်း စိတ်ကူးရပ်နားလိုက်ရပါကြောင်း...

အားလုံးကိုလေးစားလျှက်-

@ansoe


ansoe_logo_leo.png



0
0
0.000
8 comments
avatar

ဒီလိုပါပဲ လောဘတွေမသတ်နိုင်သမျှ။
!PIZZA

0
0
0.000
avatar

ဒလိုပဲပေါ့ ☺

0
0
0.000
avatar

ဟုတ်ပဗျို လူတွေလဲ တောင်ပြေးမြောက်ပြေး၊ စာတွေလဲ တောင်ရောက်မြောက်ရောက် စိတ်ကူးတွေလဲ တောင်တကွဲ မြောက်တကွဲ အဲလိုပါဆိုလိုဇ် !LOLZ

0
0
0.000
avatar

Some people say that I never got over my obsession with Phil Collins.
But take a look at me now.

@ansoe, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

0
0
0.000
avatar

ကျီးလန့်စာစား ဆိုလား ဘာဆိုလားပဲ 😀

0
0
0.000
avatar

သမုဒ္ဒယာ ဝမ်းတထွာ မို့သာပဲ ... ဝမ်းတပေ သာဆိုလျင် မလွယ် ဘူး ... 😀😀😀 LOLZ

0
0
0.000
avatar

အမှန်ပဲဆာဟင်ရေ

0
0
0.000